Zawgyi
ပုံမှန်နေ့တွေအတိုင်း ရှောင်းကျန့် ဟာ မျက်မှန်လေး တပင့်ပင့်နဲ့ လွယ်အိတ်ကြိုးနှစ်ဖက်ကို ဆုတ်ကိုင်ကာ အတန်းဖက်သို့ လျှောက်လာသည်။
ရှေ့ကနေ တူညီအားကစားဝတ်စုံလေးနဲ့ ခရစ်ရှားတို့ အဖွဲ့ လာတာကို မြင်တော့ ရှောင်းကျန့် ဘေးသို့ကပ်ကာ သွားရန်ပြင်သည်။
' ဒီချိန်ဆို ရိပေါ်က အားကစားခန်းထဲ ရောက်နေလောက်ပြီ ' ဆိုတဲ့ အသံကြောင့် ရှောင်းကျန့် ထွက်သွားတဲ့ မိန်းကလေး အဖွဲ့ကို ပြန်ပြီး လှည့်ကြည့်မိသည်။
ဟုတ်သားဘဲ ။ သူမေ့နေတာ ။ သောကြာနေ့တိုင်း ရိပေါ်တို့ အားကစားလုပ်တာကို။
ရှောင်းကျန့် မေ့တတ်လွန်းတဲ့ ကိုယ့် ဦးခေါင်းကို လက်သီးဆုတ်လေးနဲ့ တစ်ချက်နှစ်ချက် အသာလေး ထုလိုက်သည်။
ပြီးလျှင် ရှောင်းကျန့် ဆိုတဲ့ နာမည်လေး ကပ်ထားတဲ့ သူ့ဗီရိုလေးရှေ့မှာ ရပ်လိုက်သည်။
ရိပေါ်တို့ ဆော့နေတဲ့ ဘော်လီဘောတို့ တန်းနစ့်ရိုက်တာတို့ သူဘာမှ မလုပ်တတ်ပေ။
စက်ဘီးတောင် မေ့ကိုကူပြီး အသီးတွေ နို့တွေ ပို့ပေးချင်လို့သာ မနည်းသင်ထားရတာဖြစ်သည်။
သို့ပေမဲ့လဲ ရှောင်းကျန့် က အားကစားဝတ်စုံလေးဝတ်ကာ ရိပေါ်တို့ လေ့ကျင့်နေတဲ့ နေရာကို ရောက်နှင့်နေပြီ ။
ဘာမှ မဆော့တတ်ပေမဲ့ ဒီအားကစားခန်း နဲ့က ကျောင်းသူ ကျောင်းသားတွေ အကုန်လုံး နဲ့ သက်ဆိုင်သည်မလား။
-------
ဘော်လီဘောဆော့နေကြတဲ့ ရိပေါ်တို့ကိုကြည့်ကာ ခရစ်ရှားတို့အဖွဲ့ဆီက ' ဝမ်ရိပေါ်က ကြည့်ကောင်းလိုက်တာ '
' ရှား နဲ့ဆို သိပ်လိုက်ဖက်တာဘဲ ' စသည့် ကျွတ်စီကျွတ်စီ စကားသံတွေ ကြားနေရသည်။
ရှောင်းကျန့် ခရစ်ရှားတို့ အဖွဲ့ ရဲ့ ခပ်လှမ်းလှမ်းကနေ ထိုင်ကာ ဝမ်ရိပေါ်တို့ ဆော့ကစားသည်ကို ကြည့်နေမိသည်။
အနီရောင် လက်ပြတ် အားကစားအင်္ကျီ နဲ့ ဒူးတိအားကစား ဘောင်းဘီဝတ်ထားတဲ့ ရိပေါ်ဟာ ရှောင်းကျန့်တို့ ခြံဘေးက အဒေါ်ကြီးမှာ စိုက်ထားတဲ့ မုလာဥတွေနှင့် တူသည်။