Zawgyi
" ရိပေါ်.. ငါတမင်လုပ်တာ မဟုတ်ရပါဘူးကွာ လူတစ်ယောက်ကို သပ်သပ်မဲ့ အနာတရဖြစ်အောင် ငါလုပ်ပါ့မလားကွာ "
ရိပေါ်က ဘာမှ ပြန်မပြော ။ ကုရန်ကိုသာ စိုက်ကြည့်နေသည်။
မျက်လုံးမှေးပြီး ကြည့်နေသော ရိပေါ်ကြောင့် ကုရန်ရူးချင်လာသည်။ မသိရင် ကြက်ပေါက်လေးကို သွားထိလို့ ကြက်အမေကြီးက အတောင်တကားကားနဲ့ ထခွပ်တော့မဲ့ အတိုင်း။
" သူ့မျက်နှာကို ဘောလုံးထိသွားကတည်းက မင်းကိုဆွဲထိုးချင်နေတာ "
" ငါတမင်လုပ်တာ မဟုတ်ပါဘူးဆိုနေ... ဒါနဲ့ မင်းက ဘာလို့ အဲ့လောက် စိုးရိမ်နေရတာလဲ "
ဒီတစ်ခါ မျက်လုံးတွေ မှေးပြီးစိုက်ကြည့်လာတာက ကုရန်။
" သူက ငါတို့အိမ်ကို နွားနို့လာပို့တဲ့ တစ်ယောက် ၊ သူသာ တစ်ခုခု ဖြစ်သွားရင် ငါက နို့ငတ်မှာ "
" အော် .. အဲ့တော့ မင်းက သူ့နို့ကိုတအားကြိုက်နေတယ်ဆိုပါတော့ "
" နွားနို့လို့ ထည့်ပြော ဟေ့ကောင် "
" ဆောရီး.. နွားနို့ နွားနို့ "
စပ်ဖြီးဖြီး ဖြစ်နေတဲ့ ကုရန်ကို မျက်နှာလွဲကာ ရိပေါ် ဖုန်းဖွင့်ကြည့်နေလိုက်သည်။
ဒီနေ့က ရှောင်းကျန့် နွားနို့လာပို့မဲ့ရက်။
ရှောင်းကျန့်များ လာမလားဆိုပြီး သူ ခြံရှေ့ကို ခဏခဏ လှမ်းကြည့်ဖြစ်သည်။
နွားနို့ လာပို့တိုင်း သူတို့ခြံထဲကို ရောက်လာတတ်ပေမဲ့ ရှောင်းကျန့် နဲ့က မရင်းနှီးပေ။
ရင်းနှီးဖို့လဲ အခွင့်မရ ။
ရှောင်းကျန့် က နွားနို့ပုလင်းတွေကို သူ့လက်ထဲ ထည့်ပေးပြီးတာနဲ့ စက်ဘီးနင်းကာ တချိုးတည်း ပြေးတော့သည်။
ဘာလို့ သူ့ကို မြင်တိုင်း ကြောက်သလိုလို ဖြစ်နေတာလဲ ဆိုတာကိုလဲ စဉ်းစားမရ။
သူ့ရုပ်က အဲ့လောက်တောင် ကြောက်စရာကောင်းနေလို့လား။
ခြံရှေ့ကနေ ကလင် ကလင်ဆိုတဲ့ စက်ဘီးဘဲလ်သံလေးကို မကြားရတော့ ရိပေါ် စိတ်ထဲ တစ်ခုခု လိုနေသလို ခံစားရသည်။