Psycho (1)

8.5K 272 10
                                    

ရထားစောင့်ရင်း ခုံတန်းပေါ်တင် အသာထိုင်နေသော လူငယ်တစ်ဦး ရထားအလာကိုမျှော်နေရင်း သန်းဝေလာမိသည်#

"ရထားချိန်အမှီလာတာ နည်းနည်းစောသွားပြီ ထင်တယ်"

"အူးးဝါးး"

"ဟမ် ဘာသံလဲဟ"

"အူးးဝါးး"

"ဟမ် ကလေးတစ်ယောက် Hey! မင်းဘာလို့ငိုနေတာလဲ မိဘတွေကော"

"အူးးဝါးး မေမေတို့ သားကိုပစ်ထားသွားပြီထင်တယ် ဦး"

"ဟမ် ကလေးတစ်ယောက်ကို ဘယ်လိုလူမျိုးကများ ပစ်ထားသွားရတာလဲဟ"

"အူးးဝါးး"

ငါဘယ်လိုလုပ်ရပါ့ ကလေးတစ်ယောက်ကို ဒီတိုင်းပစ်ထားတာမကောင်းပါဘူး..ok ငါအကြံရပြီ

"Hey! ကလေးလေး မငိုနဲ့တော့ အကို လိုက်ပို့ပေးမယ်"

မျက်ရေကို သုတ်ကာ ပြန်ပြောလာတဲ့သူ..
"ဘယ်ကိုလဲဟင်"

တိတ်ဆိတ်ပြီး ညိမ်သက်နေတဲ့ လေတိုက်သံလေးသာ ပဲ့တင်ထပ်အောင် ကြားနေရသောနေရာ#

"ဦး ဒါဘယ်နေရာလဲဟင်"

ရှုပ်မဲ့မဲ့ဖြေလာပုံလေးက ကြောက်နေဟန်ရသည်#

"Hey! ကလေးလေး ငါက မင်းအကိုအရွယ်ပဲရှိတယ် ငါ့ကို ဦးလို့မခေါ်လို့မရဘူးလား ပြီးတော့ငါက နုဖက်နေတာပဲ ကျန်သေးတယ် ပြီးတော့ အခုမှ သင်တန်းတောင်ပြီးသေးတာမဟုတ်ဘူး ပြီးတော့.."

ရေပတ်မဝင်အောင်ပြောနေသော သူအား ကြောင်တောင်တောင် လေး စိုက်ကြည့်နေရုံကလွဲ ဘာမှမသိ...

"Hey! ငါပြောတာနားထောင်နေရဲ့လား"

စိုက်ကြည့်နေဆဲ မျက်လုံးတွေနဲ့ ခေါင်းကိုသာ အသာငြိမ့်လိုက်မိသည်

"အခုက ဘယ်နေရာလဲ ဦး"

"ဟာ ဦးလို့မခေါ်ပါနဲ့ဆို... ထားတော့
အခုက မိဘမဲ့​ဂေဟာ ငါအိမ်ခေါ်သွားဖို့ အဆင်မပြေသေးလို့ ဒီမှာပဲ ခဏနေလိုက်ဦး ok လား"

"အူးးဝါးး အဟင့်..ဟင့်"

"Hey ငိုပြန်ပြီ ဒီနေရာကလွဲရင် တခြားနေရာတွေက ယုံရတာမဟုတ်ဘူး ဒီနေရာပဲရှိလို့ပါနော်"

Psycho(book1)Where stories live. Discover now