Psycho(3)

2.5K 185 14
                                    

ငိုနေတာမပြီးတော့လို့ ကျွန်တော်လဲ မုန့်တွေကိုဖြေလိုက်ပြီး အချိုသက်ရတော့တယ်

"ဘယ်လိုလဲ စားကောင်းရဲ့လား"

"အွမ်း"

"ပလုတ်ပလောင်းနဲ့ ဖြေးဖြေးစားပါ ဘယ်သူမှလုမစားပါဘူး"

"အွမ်း"
တစ်နေ့တစ်ခြား ပိုပိုပြီး ချစ်ဖို့ကောင်းလာတဲ့ကလေးကို စိတ်ထဲမှာတင် ချစ်မဝ အပြင်မှာတော့ တစ်စက်ကယ်မှမတဲ့

"မင်းကတော်တော်အငိုသန်တာပဲ မင်းကိုနာမည်ပြောင်မှဲ့ရမယ်"

"ဟမ်"

"အငိုသန်ဆို မိုက်လား ဒါမှမဟုတ် အငိုတစ်လိုင်းတို့ ဘာတို့ E-name ဆိုလဲရတယ်နော် baby crying တို့ဘာတို့ပေါ့ ဟားဟား"

"မကြိုက်ဘူး"

"မကြိုက်လို့ ခေါ်တာပေါ့ လူတွေက နာမည်ပြောင်ပေးရင် သူတို့အားနည်းချက်ကိုပဲပေးကြတာလေ"

"မကြိုက်ဘူး"

"အငိုသန်လေး အငိုသန်လေး ဟားဟားဟား"

--------

"ဟျောင့် တံခါးဖွင့်စမ်း"

"ဝိုး မင်းတို့ကောင်တွေဇွဲကောင်းလှကြည်လား အစောကြီးလာတာပဲ"

"ဘာခိုင်းမှာလဲပြောလေ"

"ဟဲဟဲ အဲ့တာက"

"အဲ့တာက ဘာလဲ"

"ငါ..ငါ့အိမ် ကို ကူရှင်းခိုင်းမလို့"

"ဘာကိုယ့်အိမ်ကိုယ့်ဘာသာရှင်းပါလား ငါတို့ က တကူးတက ကြီးလာရှင်းခိုင်းနေတာလဲ"

"လုပ်ပါကွာ ငါက တစ်ယောက်တည်းနေရင် အဲ့လောက်ကို ကရုမစိုက်ပဲနေနိုင်ပါတယ်"

"....."

"မကြာခင် ငါက ဒီကိုကလေးတစ်ယောက်ခေါ်လာတော့မှာဆိုတော့ ညစ်ပတ်နေလို့ဘယ်ဖြစ်မလဲ"
မျက်ဝန်းတွေက ရွှန်းလက်ပြီး သုံးယောက်လုံးကိုပြိုင်တူကြည့်လာတဲ့ အာရုံ တွေ အရ ညာခိုင်းတော့မှာအသေအချာပင်...

"အေးပါ အေးပါ အဲ့မျက်လုံးကြီးနဲ့မကြည့်စမ်းပါနဲ့ ဖင်ခံချင်စိတ်တွေတောင်ပေါက်တယ် လိ့မှပဲ"

"ဂိုးမားဝေါ်"

4 ယောက်သားဝိုင်းရှင်းလိုက်တာ သိပ်မကြာ အချိန် 2 နာရီအတွင်း အပေါ်ထပ်တစ်ခန်းလုံးအပြောင် စေတနာကောင်းပြီး အဝတ်တွေတောင်ခေါက်ပေးသွားသေးသည်#

Psycho(book1)Where stories live. Discover now