Episode 40 | Final |

40.5K 2.2K 71
                                    

လွှားအိပ်ရာနိုးတော့ ညခုနှစ်နာရီခွဲတော့မည်။

နေ့လည်က ဦးဟန်နှင့်ရေအတူချိုးပြီးလွှားကပြန်အိပ်ခဲ့သည်။
ဦးဟန်ကတော့ သူအိပ်ပျော်သွားသည်ထိ
အနားမှာအတူရှိနေပေးခဲ့သေး၏။

မအိပ်ခင် အိပ်ယာထဲမှာလှဲနေရင်း ဘေးနားမှာ
တင်ပါးလွှဲထိုင်နေသည့်ဦးဟန်ရဲ့ခါးကိုလှမ်းဖက်ထားကာ Wollongongကအကြောင်းတွေပြန်ပြောရသည်။

အန်တီစီစီနှင့်မုန့်တွေတပျော်တပါးလုပ်ရင်းကုန်ဆုံးခဲ့သည့်
ပျော်ရွှင်ဖွယ်နေ့ရက်အချို့ကိုပြန်ပြောပြတော့
သူက နှာခေါင်းရှုံ့၏။

နဖူးပြင်နှင့်ပါးတွေကိုဖိနမ်းလိုက် နှာခေါင်းထိပ်ကို
ကိုက်လိုက်နှင့်လုပ်နေလို့ လွှားပြောနေတာကို
အာရုံစိုက်စေဖို့ တော်တော်လေးကြိုးစားလိုက်ရသည်။

ပြောနေတုန်းလည်း လွှားရဲ့မေးစောင်းလေးတွေမှာ
သူ့ရဲ့နှုတ်ခမ်းတွေက ပွတ်တိုက်လျှပ်ပြေးနေ၏။

တစ်ခါတစ်ခါ ပြောပြနေသည့်လွှားရဲ့နှုတ်ခမ်းတွေကို
ပြွတ်ခနဲလာနမ်းတတ်သေးသည်။

သူမပါဘဲပျော်ရကောင်းမလားဟုဆိုကာ အိပ်ယာထဲက
လွှားရဲ့နားရွက်ဖျားလေးတွေကို မနာအောင်
ကိုက်ရင်း အူတိုတတ်သေး၏။

လွှားကိုအလိုမလိုက်တတ်တဲ့လူကြီးကြောင့် သူ့ကို
လွမ်းနေခဲ့သည့်အကြောင်းကိုတော့ထည့်မပြောဖြစ်ခဲ့ပါ။

Wollongong ရဲ့တောင်ပိုင်းကမ်းခြေကို
နောက်တစ်ခေါက်သွားချင်သေးကြောင်း ပြောပြဖြစ်ရင်း
သူအသာပွတ်သပ်ပေးသည့်ဦးခေါင်းထက်ကချော့မြှူ
နှစ်သိမ့်မှုမှာ ပြုံးရိပ်သန်းနေသည့်မျက်ဝန်းတွေကို
အိပ်မက်ထဲထိခေါ်ဆောင်သွားခဲ့မိသည်။

ဦးခေါင်းထက်က နွေးထွေးလွန်းသည့်
အကြင်နာအနမ်းဖွဖွလေး။ ရှိုက်ငင်မိသည့်
သူ့ကိုယ်သင်းရနံ့ဖျော့ဖျော့မှာ သူရှိရာအရပ်
နှလုံးသားကတိုးဝင်ရှာဖွေမိသည်။

အိပ်မက်ထဲမှာ ဦးဟန်ရောလွှားပါ အဖြူရောင်suit
ဆင်တူလေးတွေနှင့်။

ပြန်တွေးကြည့်မိတော့ ကိုယ့်ကိုယ်ကိုသနားသွားသည်။
ပါးစပ်ကသာငြင်းနေခဲ့တာ...
တကယ်တော့ သူလိုချင်တပ်မက်တုန်းပဲလား။

ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)Where stories live. Discover now