Episode 19

32.2K 2.4K 132
                                    

"မမနဒီ...မမရဲ့ဖုန်းလာနေတယ်''

ရုံးခန်းထဲ လွှားယွန်းနဒီ စာရင်းဇယားတွေနဲ့
အလုပ်ရှုပ်နေသည်။ လက်ထောက်
ကောင်မလေးယူလာပေးသည့်ဖုန်းဟာ
အနီးအနားမှာ ချထားသည့်လက်ကိုင်အိတ်
ထဲကပဲဖြစ်ကာ...

"ကိုင်လိုက်ဟယ်''

စာရင်းဇယားတွေကိုက်အောင် ကြံဖန်
လုပ်နေရတာ ဒီရက်တွေအတွင်း
ခေါင်းမီးတောက်နေပြီဖြစ်သည်။

လုပ်ငန်းငွေထဲက ဖျောင်ထားတာ
အခုထိ ဒယ်ဒီမသိသေး။

မိမိနဲ့ကျော်စွာကိုတို့ယူသုံးထားတာ
တော်တော်များပြီဖြစ်ကာ ကျော်စွာကိုက
အခု အချုပ်ကျနေပြီဖြစ်သည်။

မိမိအပြစ်လွတ်သလိုနှင့် လွတ်လွတ်ကင်းကင်း
ရှောင်လွှားနိုင်ခဲ့ပေမဲ့ မကြာခင်
လုပ်ငန်းစာရင်းတွေဘက် လှည့်လာမည်ကို
သူမမှန်းဆထားပြီးဖြစ်ကာ...
လှည့်ပတ်ဖို့ နည်းလမ်းတွေရှာနေရသည်။

"မမ...အန်တီဆီကပါ''

"ဟဲလို...မာမီ''

ကောင်မလေးကိုင်ပေးထားသည့်ဖုန်းနားကို
ကပ်နားထောင်မိရင်း ကွန်ပြူတာစခရင်ပေါ်က
ဘတ်ဂျက်ပလန်တွေကိုကြည့်ကာ
အလုပ်အကိုင်မပျက်ရင်းပြောလိုက်သည်။

"ဘာ...ဘာပြောတယ် မာမီ...
လွှားဝံ့ထည် ကားတိုက်ခံရလို့... ဟုတ်လား''

"...''

"ဟာ...မလာနိုင်ပါဘူး မာမီရာ..
ဒီမှာတောင် ကြံမရ ရတဲ့ထဲ...
အဲ့ကောင်လေးကလည်း တစ်လျှောက်လုံး
ပျောက်နေပြီးမှ သေခါနီးမှပြန်ပေါ်လာရလား''

"....''

"ဟင်...တကယ်လား...
အဲဒါဆို ဘယ်ဆေးရုံလဲ...
ခဏနေ လာခဲ့လိုက်မယ်''

ဖုန်းလေးကျသွားသည်နှင့်
လွှားယွန်းနဒီ ကွန်ပြူတာစခရင်ထက်က
အကြည့်တွေကိုလွှဲဖယ်လိုက်သည်။

ဟန်ပါပါချိတ်ထားသည့် ခြေထောက်တွေဖြေချ
လိုက်ကာ ထိုင်ခုံနောက်ကိုမှီချလိုက်သည်။

ဒါ ကံတရားပဲ။

"သူဋ္ဌေးဟန်ရဲဆက်မော်ကိုယ်တိုင်
ဖုန်းဆက်တာနော်...
ညည်းဒယ်ဒီတောင် ဆေးရုံကိုလိုက်သွားပြီ''

ဦး ကို ချစ် မိ နေ ပြီ | ဦး ကို ချစ် မိ နေ ပြီ | (Completed)Where stories live. Discover now