02

4.3K 265 2
                                    


[Zawgyi]

"ဟိုဟာ​လေ ညီမနာမည်​က Lalisa ပါ ။မမရဲ့နာမည်​​​လေးသိခွင့်​ရှိမလား

"Ruby Jane ပါ"
နာမည်​​လေးက Ruby Jane တဲ့ နာမည်​​လေးကအစဘယ်​​လောက်​​တောင်​အဖိုးတန် ​တဲ့နာမည်​​လေးလည်း.....
နာမည်​သိရပြီးပြီးချင်း မမ​ရှေ့​က​နေ ​ပြေးထွက်​လာခဲ့မိ။ မဟုတ်​ရင်​ ​ခြေမကိုင်​မိ လက်​မကိုင်​မိ​တွေဖြစ်​ကုန်​​တော့မှာ ။အရမ်းချစ်​ရတဲ့ crush ​ရှေ့​ရောက်​ရင်​ အဲ့လိုပဲဖြစ်​သွားတတ်​ကြလားမသိ​တော့ ။

အိမ်​ပြန်​​ရောက်​​တော့ ကုတင်​​ပေါ်လှဲအိပ်​ရင်း မမအ​ကြောင်း​တွေးရင်း Ruby Jane ဆိုတဲ့ နာမည်​​လေးကို ​ရေရွတ်​​နေမိတာ ဘယ်​နှကြိမ်​မှန်း​တောင်​ မသိဘဲအိပ်​​ပျော်​​နေခဲ့တာ ဖုန်းringtone သံကြားမှပဲ နိုးလာခဲ့​တော့တယ်​ ။ contact ကို တစ်​ချက်​ကြည့်​လိုက်​​တော့ တစ်​​ယောက်​တည်းရှိတဲ့ သူငယ်​ချင်း​လေး

" အင်းchaeng ​ပြော "

"မနက်​ဖြန်​ပန်းချီပြပွဲတစ်​ခုရှိတာ အ​ဖော်​လိုက်​ခဲ့အုံး lili ။ မနက်​၁၀နာရီ​လောက်​ သင်​တန်းမရှိဘူးမလား"

"Ok ok chaeng "

................................................

"RJ Gallery "
RJ Gallery တဲ့ ပြခန်းနာမည်​​လေးကို ဖတ်​ကြည့်​လိုက်​​တော့ ရုတ်​တရက်​ မမကို သတိရမိသွားတယ်​ ။
မမနာမည်​အတို​ကောက်​​လေးကလည်း RJ ပဲ​လေ ။မမရဲ့ နာမည်ေ​လးကို ဘယ်​​နေရာ၊ဘယ်​ချိန်​ဖြစ်​ဖြစ်​ နာမည်​အပိုင်းအစ​လေးဖြစ်​ဖြစ်​ ကြားမိလိုက်​ရင်​ကို
ရင်​ထဲမှာ ဗလာင်​ဆူ​အောင်​ ဖြစ်​တတ်​​နေခဲ့ပြီ။

သိပ်​ကို​တမ်းတ​နေခဲ့ရတဲ့သူကို မ​မျှော်​လင့့်တဲ့​နေရာမှာ​တွေ့ဆုံခွင့်​ရတဲ့အခိုက်​အတန့်​​လေးကို ဘာနဲ့မှ မလဲနိုင်​​အောင်​မမက ပြုစားနိုင်​ခဲ့ ။

အနက်​​ရောင်​ ဒူးဖုံးဂါဝန်​​လေးနဲ့ သိပ်​ကို လှ​နေတဲ့ မမ Gallery မှာ ချိတ်​ထားတဲ့ ပန်းချီ​တွေထက်​ သိပ်​ကိုလှ​နေတဲ့ မမ

" ​ရောက်​လာပြီလား Chae young ပန်းချီ​တွေ ပတ်​ကြည့်​ပြီးပြီလား ဘယ်​လိုလဲ "
မမဆီမှ စကားသံ

You are my kryptonite Tahanan ng mga kuwento. Tumuklas ngayon