"8"

17.8K 2.4K 176
                                    

[Zawgyi]

ခုံတစ်​လုံး​ပေါ်တွင်​ထိုင်​​နေရလျက်​ ​ခြေ​တွေလက်​​တွေလည်းကြိုး​ပေါင်းများစွာနှင့်​ချည်​ခံထားရသည့်​ ချန်​​ဟော့၊
မျက်​နှာတည့်​တည့်​ကိုကန်​ခံခဲ့ရခြင်း​ကြောင့်​သတိရလာတာ​တောင်​လူက​ခေါင်းမ​ထောင်​နိုင်​၊
လေးလံ​နေ​သောမျက်​လုံး​တွေကိုကြိုးစားကာဖွင့်​ကြည့်​လိုက်​​တော့ သူသည်​အခန်း​မှောင်​​မှောင်​တစ်​ခုထဲတွင်
ဖမ်းဆီးခံထားရခြင်းပင်​၊

နားထဲဝင်​လာတဲ့​ခြေသံတစ်​ခု​ကြောင့်
ကြောက်​​ကြောက်​လန့်​လန့်​ဖြင့်​အသံလာရာသို့လှည့်​ကြည့်​သည်​၊

အရွယ်​အစားမကြီးလွန်းမ​သေးလွန်း​သောတုတ်​တစ်​​ချောင်းကိုင်​လျက်​သူ့အနားကို​လျှောက်​လာ​သောထိုလူသည်
ချော​မောလွန်း​သောမျက်​နှာထက်​တွင်​​ကြောက်​မက်​ဖွယ်
အ​ငွေ့အသက်​များကိုတန်​ဆာဆင်​ထားသည်​၊
ကြည်​​တောက်​​နေ​သောမျက်​လုံးဝိုင်းဝိုင်းတို့သည်​ တစ်​စုံတစ်​ရာကို ဖျက်​စီး​တော့မည့်​ သဏ္ဌာန်​ကို​ဆောင်​​နေသည်​၊

ချန်​​ဟော့သည်​​တစ်​ကိုယ်​လုံးတုန်​လှုပ်​လာလျက်​ သူ့ကိုကြိုး​တွေနဲ့ချည်​ထား​သောခုံမှရုန်း​နေမိသည်​၊

"မင်း...မင်းကဘယ်​သူလဲ?
ငါ့ကိုလွှတ်​​ပေး...ငါမင်းကိုဘာလုပ်​လို့လဲ...ငါ..ငါ​တောင်းပန်​ပါတယ်​..ငါ့ကိုဘာမှမလုပ်​ပါနဲ့"

ယောက်ျားကြီးတန်​မဲနှာရည်​​တွေမျက်​ရည်​​တွေကျကာ သူ့ကိုဘာမလုပ်​ရန်​​တောင်းပန်​​နေ​သောချန်​​ဟော့အားကြည့်​ပြီး
ဂျောင်​ဂုသည်​​ကျေနပ်​စွာပြုံးလိုက်​သည်​၊

ထို့​နောက်​နှုတ်​ခမ်းပါးတို့မှ

"ခများဒုက္ခ​ပေးတာကကျ​နော်​ဆိုရင်​​တောင်
ခများသက်​သာဦးမယ်​..အခုကကျ​နော့်​လူဖြစ်​​နေ​တော့"

"အားးးးးး "

ကိုင်​​ဆောင်​လာ​သောတုတ်​တံကို အားပါပါချိန်​ရွယ်​လိုက်​​တော့
ချန်​​ဟော့သည်​မျက်​လုံးကိုဖိမှိတ်​ကာ ​လိပ်​ပြာလွင့်​မတက်​​အော်​သည်​၊
သို့​သော်ေ​ဂျာင်​ဂုကချိန်​ရွယ်​ထား​သောတုတ်​အား​ဖြေး​ဖြေးချင်း​အောက်​ကိုပြန်​ချလိုက်​သည်​၊

NOT//KV[COMPLETED]Where stories live. Discover now