"12"

19K 2.3K 135
                                    

[Zawgyi]

နံနက်​စာစုံစုံလင်​လင်​ပြင်​ဆင်​ထား​သော စားပွဲတစ်​ခု။

နမ်​ဂျွန်းသည်​ စားပွဲ၏ထိပ်​တွင်​ထိုင်​​နေ၍ ဂျီဂျီနဲ့ထယ်​​ယောင်းက​ဘေးချင်းကပ်​ရပ်​ထိုင်​​နေကြသည်​၊
ဂျောင်​ဂုက​တော့ ထယ်​​ယောင်းနှင့်​မျက်​နှာချင်းဆိုင်​​နေရာတွင်​ထိုင်​ရင်း တိတ်​ဆိတ်​စွာပင်​။

စကားတစ်​ခွန်းမှမဟဘဲငြိမ်​​နေတဲ့ လူကြီးသုံးဦး​ကြောင့်​ ကြားက က​လေးကအ​နေခက်​ရရှာသည်​။
သို့​သော်​ဗိုက်​ဆာသည့်​စိတ်​​ကြောင့်​ ​ရေငုံနှုတ်​ပိတ်​မ​နေနိုင်​​တော့သည့်​အဆုံး

"​ဖေ​ဖေ..ဂျီဂျီဗိုက်​ရှာ​နေပြီ"

ထယ်​​ယောင်းသည်​ ဤစားပွဲတွင်​ထိုင်​​နေ​သော အကြီးဆုံးဖြစ်​သူ နမ်​ဂျွန်းအရင်​စားခြင်းကို​စောင့်​​နေခြင်း​ပေ၊
သို့​သော်​ သူ့သမီးကဒီလို​ပြောလာ​လေပြီ။

"ခဏ​လေး​စောင့်​ဦး​လေ ဂျီဂျီ​လေးရဲ့
ဒီဦးဦးနှစ်​​ယောက်​အရင်​စားပါ​စေဦး"

အိမ်​၏လူကြီးတစ်​​ယောက်​ နှင့်​ အိမ်​​ထောင်​ဦးစီး အ​ပေါ်​လေးစားသမှု ရှိ​သောထယ်​​ယောင်းကို နမ်​ဂျွန်းစိတ်​ထဲမှချီးကျူးမိပါသည်​။
ဒီ​ကောင်​​လေးက လူဆင်းရဲ​သော်​လည်း ကိုယ်​ကျင့်​တရားနှင့်​ အသိအလိမ္မာကမဆင်းရဲသကိုး။

နမ်​ဂျွန်းကသူ့ပါးမှပါးချိုင့်​​တို့​ပေါ်သည်​အထိပြုံးလိုက်​ပြီး

"တူ​လေးကဗိုက်​ဆာ​နေတာပဲ
က​လေးကို​ကျွေးလိုက်​ပါ "

ဤအ​ခြေအ​နေ​တွင်​ စိတ်​အ​ခြေအ​နေမဟန်​သူက​ဂျောင်​ဂု။
ဦးဦးနှစ်​​ယောက်​ဟုသုံးလိုက်​​သော အသုံးအနှုန်းကို
သူမ​ကျေနပ်​။
သူသည်​ထယ်​​ယောင်းကိုလူသိရှင်​ကြားလက်​ထပ်​ယူထားသည့်​လူတစ်​ဦးဖြစ်​သည့်​အပြင်​ လက်​မထပ်​ရ​သေးခင်​အချိန်​ကတည်းက ​ထယ်​​ယောင်းရဲ့ခန္ဓာအနှံ့ နှုတ်​ခမ်းမလပ်​​စေခဲ့သူ။
သူသည်​ ထယ်​​ယောင်းရဲ့​ယောက်ျား။
ထို့​ကြောင့်​လွယ်​​ကူ​သောအသုံးအနှုန်းမျိုးသူ့အ​ပေါ်မသုံးနှုန်း​စေချင်​​တော့။

NOT//KV[COMPLETED]Donde viven las historias. Descúbrelo ahora