Episode - 5

2.9K 427 14
                                    

[ မိုးမေသာလင်းလိုက်ပါတော့ !!]

ရှောင်းကျန့်မျက်နှာသစ်ပြီးအောက်ထပ်ကိုဆင်းလာတော့ အိမ်ထဲကနေထွက်ကာ ကားပေါ်ဆီသွားမယ့်ရိပေါ်ကိုတွေ့တယ်။

" အဲ ရိပေါ် ခဏနေဦး "

လှေကားထစ်တွေကိုကျော်ဆင်းလာတော့ အခန့်မသင့်ဘဲပြုတ်ကျတော့မလို့။

အောက်မှာရှိနေတဲ့အစေခံတွေကလည်း ဖမ်းထိန်းပေးဖို့ဝမ်းလျားမှောက်ပေးရမလို ဖြစ်နေချိန် ရိပေါ်ကအပြေးလာပြီး ရှေ့ကနေဖမ်းလိုက်ရတယ်။

"မင်းရူးနေတာလား "

"ငါမရူးပါဘူး မင်းကိုနှုတ်ဆက်စကားပြောမလို့ကို"

ရှောင်းကျန့်ကိုယ်ကိုအောက်သို့ချပေးလိုက်ပြီး စိတ်ရှုပ်စွာကြည့်တယ်။ ပြုတ်သာကျရင်ခေါင်းကွဲတော့မှာ။

"အလုပ်သွားတော့မှာမလား မွစ် ဂရုစိုက်သွားပါ"

ဘယ်ဘက်ပါးပြင်ထက်အနမ်းရွရွတစ်ခုရောက်လာတယ်။

ရိပေါ်ရှေ့ကထွက်သွားပြီး မနက်စာစားဖို့အတွက် ထမင်းဝိုင်းဆီသွားနေတဲ့ရှောင်းကျန့်။

"ဝိုး ဒီမနက်က ပန်းပွင့်လွှာဖက်ထုပ်ပဲ ဟင်းရည်ကလည်းသောက်လို့ကောင်းတယ်"

ညစာမစားရသေးလို့ဗိုက်ဆာနေတဲ့ ရှောင်းကျန့်က တစ်ခုပြီးတစ်ခုပါးစပ်ထဲထည့်နေတယ်။ ရိပေါ်ကသူ့ကိုကြည့်နေတာမြင်တော့ သွားတော့လေဆိုပြီးလက်ပြနေတယ်။

• ဇီယီရဲ့ပုံစံကိုအရမ်းကွဲထွက်အောင်မပြုမူပါနဲ့ •

ဒီစက်ရုပ်အသံကငါ့အတွက်တော့ ဂြိုလ်ဆိုးပဲ။

မင်းလည်းငါ့နေရာဝင်နေကြည့်ပါဦး ဒီလောက်ချောတဲ့ယောကျာ်းကို မထိမကိုင်ဘဲနေနိုင်မလားလို့လေ (/ω\)

နံနက်စာစားပြီးရင် အားသွားပြီဖြစ်တဲ့ရှောင်းကျန့်က ချီဝူနဲ့ခြံထဲမှာပျော်ပွဲစားထွက်နေတယ်။ စကားပြန်မပြောတတ်တဲ့ချီဝူကို မနားတမ်းစကားတွေပြောပြီး ထောက်ခံခိုင်းနေတယ်။

ချီဝူကတော့ ကောင်းကင်ကြီးကိုကြည့်ပြီး သက်ပြင်းချတယ်။

HAPPY ENDING [ YIZHAN ]Where stories live. Discover now