Episode - 22

2K 306 23
                                    

[ ပေါင်ပေ့ (ကလေးလေး) ]

မနက်စာထမင်းဝိုင်းတွင် အနေရခက်နေတဲ့လူနှစ်ယောက်။
ဇွန်းတောင်မကိုင်ရသေးခင် ပြန်ထသွားကြတော့ အိမ်တော်ထိန်းကနေ။

" စားလို့ပြီးသွားပြီလား "

ဝမ်ရိပေါ် : " အင်း  အလုပ်သွားတော့မယ်။"

ရှောင်းကျန့် : "ကျွန်တော်ကသီချင်းရေးစရာရှိလို့။"

ရှောင်းကျန့် ခြေလှမ်းလှမ်းပြီးမှရိပေါ်နားပြန်လာပြီး ပါးသို့ဖျတ်ခနဲနမ်းကာ။

" အလုပ် .. အလုပ်ကောင်းကောင်းသွားပါ"

ရှောင်းကျန့်ကဒုတိယထပ်သို့ပြေးတက်သွားသလို ရိပေါ်မှာလည်းအိမ်အပြင်သို့
မပြေးရုံတမယ်ထွက်သွားတော့သည်။

" သခင်ကြီးရဲ့ဖိုင်တွဲတွေကျန်ခဲ့ ..... "

အိမ်တော်ထိန်းစကားမဆုံးသေးခင် ရိပေါ်အိမ်ထဲသို့ပြန်ဝင်လာပြီး ဖိုင်တွဲတွေယူသွားလေသည်။

" သခင်ကြီးနဲ့သခင်လေးတို့ဘာတွေဖြစ်နေတာပါလိမ့် "

ရိုက်ကွင်းတစ်နေရာ၌။

" အကိုကောင်းမင်ရဲ့ဖန်တွေက food truck တစ်စီးပို့ပေးလိုက်တယ်။ ငါတို့စားဖို့သွားယူကြရအောင်။ "

ရိုက်ကူးရေးခဏနားသည့်အချိန်တွင် စားစရာရောက်လာတာ​ကြောင့် လူတိုင်းပျော်ရွှင်စွာသွားယူနေကြသည်။  အနားယူနေသည့်ကောင်းမင်ရဲ့ပါးသို့ကပ်လာသည့် အအေးတစ်ဘူး။

" ဘယ်သူ "

Maskတပ်ထားသည့်မျက်နှာက အိပ်မက်ထဲထိသတိရနေသည့်လီမုန့်ရဲ့မျက်နှာဖြစ်လေသည်။

" food truck ပို့ပေးတဲ့သူက မင်းလား "

" အင်း မင်းနဲ့စကားအေးဆေးပြောချင်လို့။ "

ယူလာပေးသည့် အအေးဘူးကိုဖောက်သောက်လိုက်ပြီး ဘေးချင်းကပ်ထိုင်နေသည့်လူကို မသိမသာခိုးကြည့်လို့။

" ဘာပြောမလို့လဲ "

" ငါ ဇီယီကိုနောက်ထပ်မနှောင့်ယှက်တော့ဘူး။ "

ကောင်းမင်ရဲ့အမူအရာမှာအံ့သြသွားသည်ကနေ ပျော်သွားသည့်အမူအရာဖြစ်သွားတော့သည်။ လီမုန့် ကောင်းမင်ကိုကြည့်မိသည့်အချိန် နေမင်းကြီးပမာပြုံးရယ်နေတဲ့လူကြောင့် ဘာလဲဟဆိုသည့်အကြည့်ဖြင့်ပြန်ကြည့်ပေးလိုက်သည်။

HAPPY ENDING [ YIZHAN ]Where stories live. Discover now