Part - 3 (Unicode)

457 57 10
                                    

သာမာန်နေ့ရက်လေးကဝောာ့ ခုနကထိ ပုံမှန်
လေးပါပဲ။ မနက်ဆို ကုမ္ပဏီကနေ အလုပ်မြန်
မြန်ဆင်း၊ ဂိမ်းဆော့၊ ပြီးတော့ ညဘက်ဆို ကလပ်တက်။ ဒါကဝောာ့ သူ့ရဲ့ နေ့စဉ်ဘဝပဲ
လေ။ ဘာမှပြောင်းလဲမှုမရှိ ဆိုပေမဲ့လည်း ဒီနေ့ကတော့ သူ့အတွက် ထူးခြားနေတယ်လို့ပဲ ဆိုရမလား..။ ဒီဘားကြီးရဲ့ အိမ်ရှင်ဖြစ်သူ ဘယ်
သူ့ကိုမှဂရုမစိုက်တတ်တဲ့ သူက ခုမှပထမဆုံး
မြင်ဖူးတဲ့ ဧည့်သည်တစ်ယောက်ကို သူ့အပိုင်
ဖြစ်စေချင်တယ်ဆိုပဲ။

သူကြည့်ရတာလည်း ကျွန်တော့်ကို စိတ်ဝင်
စားနေတဲ့ပုံပဲနော်။ ကျွန်တော်လှုပ်ရှားလိုက်
တဲ့ အမူအရာတိုင်းကို မျက်ခြေမပျက် စောင့်
ကြည့်နေတာ..။ P'Tay လွှတ်လိုက်တဲ့ လူယုံ
လားလို့တောင် ကျွန်တော်အထင်မှားမိသေး
တယ်။

Singto လည်း ထိုလူ့၏အတွင်းစိတ်အရင်း
အမှန်ကို သိချင်တာကြောင့် သန့်စင်ခန်းဘက်
သို့ လစ်ထွက်သွားလိုက်သည်။

"ခုနလေးတင် မျက်စိရှေ့မှာရှိနေတာကို
အခုဘယ်ပျောက်သွားတာလဲ.."

Krist မျက်မှောင်ကြုံ့ကာ ပြောလိုက်မိသည်။ သူအခြားတစ်နေရာသို့ အကြည့်ရောက်နေမိ
သည်ကြောင့် ကောင်လေးဘယ်နေရာကို ထွက်
သွားသလဲဆိုတာ မသိလိုက်။ သူလည်းသန့်စင်
ခန်းဘက်သို့ ရောက်နေသလား ဆိုပြီးသာ
ထွက်လာခဲ့လိုက်သည်။ နှုတ်ခမ်းဖျားလေးက
လည်း တစ်စုံတစ်ခုကို ရေရွတ်ခြင်းဖြင့်ပေါ့။

"လူကိုလာကစားနေတာလား my sexy boy~"

Krist သန့်စင်ခန်းထဲသို့ ဝင်သွားလိုက်ပြီးသည်
နှင့် ထိုကောင်လေးလက်ဆေးနေသည်ကိုမြင်
တော့ ချက်ချင်းပင် သန့်စင်ခန်းတံခါးကို လော့
ချလိုက်သည်။ ဒါပေမဲ့ ကောင်လေးကတော့ အံ့ဩပုံမပေါ်။

"ကြည့်ရတာ မင်းငါ့ကိုစိတ်ဝင်စားနေတယ် ထင်တယ်နော် ငါ့ဘက်ကလည်း မင်းကို စိတ်
ဝင်စားပါတယ် ဒါကြောင့် မင်းရဲ့အလိုဆန္ဒကို ဖြည့်ဆည်းပေးမဲ့အလျောက် ဒီနေ့ကနေစပြီး မင်းက...ငါ့ရဲ့ကောင်လေးဖြစ်သွားပြီနော်"

Krist လိုက်မမှီနိုင်တော့..။ ခုလေးတင် ဘာ
တွေဖြစ်သွားတာလဲ။ မျက်လုံးများပင် အနည်း
ငယ်ကျယ်သယောင်ဖြစ်လာကာ ပါးစပ်အနည်း
ငယ်ဟသွားပေမဲ့လို့ သူချောင်းတစ်ချက် ဟန့်
လိုက်ပြီးသာ သတိပြန်ကပ်လိုက်သည်။ သူစိတ်
ထဲအကုန်ရှင်းသွားပြီဆိုတော့မှ smirk လုပ်
ရင်းသာ ကောင်လေးအနားကို တိုးသွားလိုက်
ပြီး သူ့ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းကာ ကောင်
လေးအနောက်က လက်ဆေးစင်ဘောင်အပေါ် လက်ထောက်လိုက်သည်။ အပေါ်ကနေ ကောင်
လေးကိုအုပ်မိုးထားသလို အနေအထားနှင့် သူ့
မျက်နှာကို ကောင်လေးနားနားကိုကပ်သွားကာ တီးတိုးပြောလိုက်သည်က-

Gotcha (Uni+ZG)Where stories live. Discover now