အပိုင်း - ၁ Unicode

4.1K 155 0
                                        

၀မ်ရိပေါ် ဆိုသည်မှာ အရမ်းကိုတောက်ပပြီး၊ လင်းလက် နေသည့် ကြယ်လေး တစ်ပွင့်... ။

အိမ်မက်တွေကိုလက်တွေ့အကောင်အထည်ဖော် နိုင်ခဲ့သလို အောင်မြင်နေသည့်၀မ်ရိပေါ်အတွက်သူအရမ်း၀မ်းသာမိသည်။ ဟိုးအရင် ရွှေ၀ါရောင်ဆံပင်အိအိလေးဖြင့် ကလေးလေး တစ်ယောက်လို ချစ်စဖွယ် အပြုံးလေးတွေပိုင်ဆိုင်ထားသည့်မျက်နှာပိုင်ရှင်လေး။

ယခုဆို တည်ငြိမ်ရင့်ကျက်သည့်သူတစ်ယောက် အဖြစ် အချိန် ဆိုသည့်ယန္တရားကြီးသည်ပြောင်းလဲပေးခဲ့၏။ သို့သော်ငြားလည်း နှာခေါင်းလုံးလုံးလေး၊ ထူအိအိနုတ်ခမ်းလေးတွေသည် ချစ်စရာ ကောင်း နေဆဲပင်။ ထိုကောင်လေး၏ မှတ်ဉာဏ်ထဲ၌သူဆိုသည့်ဖြစ်တည် မှုသည် လည်း ပျောက်ပြယ်သွားလောက်ချေပြီ။

တစ်ချိန် ပြောခဲ့ဖူးသည့်"ကျန့်ကောကျွန်တော် အောင်မြင်မှု တွေနဲ့အတူ ပြန်လာခဲ့မယ်..ကော ကျွန်တော့်ကို စောင့်ပေးနော်" ဆိုသည့် စကားလေးတစ်ခွန်းသည် အောင်မြင်မှုတွေကြားမှာ အခိုးအငွေ့တစ်ခု အဖြစ် ကွယ်ပျောက်သွားလိမ့်မည်။

အနည်းဆုံးတော့အတိတ်မှာနှစ်ယောက်အတူတူ ရှိခဲ့ကြဖူး သည့်အသိဖြင့်ကျေနပ်မိ၏။ အတူရှိခဲ့ဖူးသည့် အချိန်ကာလသည် တိုတောင်းလွန်းသော်ငြားလည်း သံယောဇဥ်ဆိုသည့် ကြိုးတစ်ချောင်း သည်အနက်ရှိုင်းဆုံးနေရာ၌အမြစ်တွယ်သွားခဲ့လေသည်။

အချိန်တွေပြောင်းလဲသွားသည့်တိုင်အောင်ပိုမိုခိုင်မာလာပြီး၊မမြင်နိုင်သည့်ကြိုးကို ဖျတ်တောက်ဖို့ ဆန္နမရှိသလို၊ ပြောခဲ့ဖူးသည့် စကားတစ်ခွန်း ကိုလည်းယခုချိန်ထိ အရူးတစ်ယောက်လို ဖက်တွယ် ထားမိဆဲပင်ဖြစ်သည်။

Bill broad ပေါ်မှာ လာနေသည့် ၀မ်ရိပေါ်၏ ကြော်ငြာကို ငေးကြည့်ရင်းနှင့်ပင် ရှောင်းကျန် အတွေးများသည် လွန်ခဲ့သော နှစ်များ ဆီသို့ ပြန်လည်မြင်ယောင်မိနေသည်။

မိသားစုမှာ သားအကြီးဆုံးဖြစ်သည့်ရှောင်းကျန့်။ ပါပါး ဆုံးပါး သွားပြီးနောက်ပိုင်းအိမ်ထောင်ဦးစီးနေရာကိုတာ၀န်ယူပြီး မာမားနှင့် ညီမလေး နှစ်ယောက်ကို စောင့်ရှောက်ခဲ့ရသည်။

Won't forget (Complete )Tempat cerita menjadi hidup. Temukan sekarang