အပိုင်း ( ၂၃ ) Unicode

1K 82 7
                                        

လောကမှာ အဆိုးအကောင်းဆိုသည် အမြဲဒွန်တွဲလျှက်ရှိသည်ဟုဆိုသောစကားသည် ၀မ်ရိပေါ် လက်ခံ ယုံကြည်သည်။ ကောင်းသည့်အရာများကို လက်ခံနိုင်သလို၊ အဆိုးများကိုလည်း ရင်ဆိုင်နိုင်ဖို့လိုသည်။ ယနေ့ ၀မ်ရိပေါ်ဆိုပြီး ဖြစ်လာသည်အထိလည်း အဆိုးများကို ရင်ဆိုင်နေရဆဲပင်။ ထိုသို့သော အရာများထဲမှ မေရန်ဆိုသော အန္တရာယ်မလေးသည် ၀မ်ရိပေါ်အတွက် လေနီကြမ်းလေးတစ်ခုသာဖြစ်သည်။

အနုပညာလောက၌ ကျင်လည်နေကြသောသူများ တစ်နေရာမဟုတ်တစ်နေရာ ဆုံဖို့ဖြစ်လာသည်က ထူးဆန်း သည့်ကိစ္စမဟုတ်။ ဆုပေးပွဲ တစ်ခု၌ ၀မ်ရိပေါ် မေရန်နှင့် ဆုံဖို့ဖြစ်လာခဲ့သည်။ ရေရှည်လက်တွဲဖို့ မဖြစ်နိုင်တော့သည့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို သူ့ဖက်မှ အငြင်သာဆုံး လမ်းခွဲခဲ့သော်လည်း သူမဖက်မှ ယခုထိ အတော့်ကို အခဲမကျေဖြစ်နေပုံပင်။

ပွဲစီစဥ်ပေးသူများ၏ အလိုအရ ၀မ်ရိပေါ် စီစဥ်ထားသည့်အတိုင်း မေရန်နှင့်အတူ ဘေးချင်းကပ်လျက် ထိုင်ဖို့ ဖြစ်လာခဲ့သည်။

" ၀မ်ရိပေါ်.. နင် သိပ်ပျော်နေလား။ "

ဟန်ဆောင်ပင် နှုတ်မဆက်နိုင်ပဲ ခပ်တင်းတင်းမေးလာသော မေရန်ကို ၀မ်ရိပေါ် ပုခုံးတွန့်ပြလိုက်သည်။ ဒီလိုပါပဲ ဆိုသည့်သဘော...။ ဘာကိုဆိုလိုမှန်း မသိသော်လည်း သူမကမေးခွန်းကို အရေးတယူလုပ်ကာ ဖြေစရာ အကြောင်းမရှိဘူးဟုထင်သည်။

" နင် ဒီထက်ပျော်ဖို့ ပြင်ထား ၀မ်ရိပေါ်.။ ငါက စိတ်၀င်စားစရာကောင်းတဲ့ အရာလေး ဖန်တီးပေးမှာမို့ "

မထီမဲ့ပြင်ပုံစံမျိုးဖြင့် ပုခုံးတွန့်ပြသည့် ခပ်ချေချေ ၀မ်ရိပေါ်ကို မေရန် သူမဖုန်းလေးကို ၀မ်ရိပေါ် ရှေ့ကို ချပြလိုက်သည်။

၀မ်ရိပေါ် ၀တ္တရားကျေ မျက်လုံးလေစွေကာ လှမ်းကြည့်လိုက်သည်။ ဖုန်း Screen ထပ်မှ သူ နှင့် ရှောင်ကျန့်၏ လက်ချင်းတွဲ ရီမောနေသည်ပုံ၊ နောက်တစ်ပုံက သူက ကျန့်ကောကို နမ်းလိုက်တဲ့ပုံ.... ။

၀မ်ရိပေါ် မေရန်ကို ဘာသဘောလဲ ဆိုသည့် ပုံစံဖြင့်ကြည့်လိုက်သည်။ သူမသည် ၀မ်ရိပေါ်၏ အားနည်းချက်ကို ကိုင်ထားနိုင်သူသကဲ့သို့ ပုံစံဖြင့်ကြည့်လာ၏။ ၀မ်ရိပေါ် ဟမ့် ကနဲ တစ်ချက်ရီလိုက်ကာ နင်လုပ်နိုင်တာ ဒါလေးပဲလား ဆိုသည့် ပုံစံဖြင့် ခပ်နှိမ်နှိမ် ကြည့်ပြစ်လိုက်သည်။

Won't forget (Complete )Место, где живут истории. Откройте их для себя