Part_1

531 37 3
                                    

"ဟေ့ ဟေ့ သတင်းကြီးဟေ့ ပတ်ခ်ချန်းယောလ်က မထင်ရဘူးဟာ"

WMသတင်းတိုက်၏ရုံးခန်းထဲတွင်အလုပ်လုပ်နေသူသည်ဆယ်ယောက်ပင်မပြည့်။တစ်ယောက်ပြောစကားအကုန်ကြားနေရ၍ ရှင်မင်အာအသံသည်
အော်ဟစ်နေခြင်းမျိုးမဟုတ်သော်လည်းအားပါလှသည်။

သတင်းထောက်တွေပီပီစပ်စုချင်ရှာသောလူအုပ်ကြီးသည်ရှင်မင်အာ Laptopဆီသို့စုပြုံကပ်လာကြသည်။

"ဒီမှာကြည့်အမည်မဖော်လိုသူ အကောင့်ကpostတင်ထားတာ ပတ်ခ်ချန်းယောလ်က သူ့မန်နေဂျာကို ကိုယ်ထိလက်ရောက်ရိုက်နှက်တာတဲ့"

"ဟယ်.. အံဩပါ့...မထင်ရဘူးနော်
ရုပ်ကလေးကအပြစ်ကင်းသလိုလိုဘာလိုလိုနဲ့"

"ငါသူ့ကိုအရမ်းကြိုက်တာလေ အခုတော့ဒဲ့ရွံတယ်"

"ငါရောပဲ"

မရေရာတဲ့postတစ်ခုကိုကြည့်ကာ တစ်ယောက်တစ်ပေါက်ဝေဖန်နေကြသည်။

ဘတ်ခ်ဟျွန်းသည် twitterအကောင့်အမည်ကိုသေချာမှတ်ကာ ထိုင်ခုံနေရာသို့ပြန်လာလိုက်သည်။

မှတ်ထားသောအကောင့်အမည်ကိုsearchလုပ်ကာထိုအကောင့်ထဲဝင်ကြည့်လိုက်သည့်အခါထိုpostတစ်ခုသာရှိသည်။

*ကျွန်တော်က artist ပတ်ခ်ချန်းယောလ်ရဲ့မန်နေဂျာပါ ကျွန်တော်သည်းမခံနိုင်တော့လို့အခုလိုစာရေးတင်ခြင်းဖြစ်ပါတယ်
ချန်းယောလ်က သူ့မှာပြသနာရှိတိုင်းစိတ်ဆိုးဒေါသထွက်တိုင်းကျွန်တော့်ကိုအမြဲရိုက်နှက်ပါတယ်ကျွန်တော်အမြဲသည်းခံခဲ့ပါတယ်အခုတော့သတ်ပစ်မယ်လို့တောင်ခြိမ်းခြောက်နေပါပြီ သူဟာအမြဲပြုံးနေပေမဲ့ဒါတွေအားလုံးက မျက်နှာဖုံးပါပဲကျွန်တော်အရမ်းကြောက်တယ်ကျွန်တော့်နဲ့ကျွန်‌ေတာ့်မိသားစုကိုကယ်ကြပါ*

ပါးချိုင့်တွေထင်းနေအောင်ပေါ်သည့်အထိပြုံးနေသောပတ်ခ်ချန်းယောလ်ဓာတ်ပံုကိုဘတ်ခ်ဟျွန်းzoomချဲ့ကြည့်နေမိသည်။

ပတ်ခ်ချန်းယောလ်ဆိုသူကဒီလိုစာရိတ္တမကောင်းမှန်းသာသိသွားကြည့်ပါလားအိမ်ကအငယ်မ‌ေလးသူ့နံရံမှာကပ်ထားတဲ့ပုိစတာတွေအမှိုက်ပုံးထဲထိုးထည့်နေမှာသေချာသလောက်ပါပဲ။

Today than YesterdayWhere stories live. Discover now