မှောင်မိုက်နေတဲ့အခန်းငယ်လေးထဲမှာ ချန်းယောလ်ဟာ ဘယ်နှစ်လိပ်မြောက်မှန်းမသိသောဆေးလိပ်ကိုရှိုက်ဖွာကာငြိမ်သက်စွာထိုင်နေမိသည်။
တဒွီဒွီမြည်ဟည်းနေသောဖုန်းသံက အခန်းရဲ့တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။
"သား"
ဖုန်းကိုင်လိုက်သည်နှင့်စိုးရိမ်နေသောမေမေ့ရဲ့အသံကို ချန်းယောလ်နားထောင်ဖို့တောင်အင်အားမရှိတော့။ သူကြောင့်နဲ့မေမေကိုစိတ်ဆင်းရဲတာမျိုးမမြင်ချင်တာဖြစ်သည်။
"စိတ်မပူပါနဲ့မေမေ သားအဆင်ပြေပါတယ်"
မေမေဆီက သက်ပြင်းချသံသဲ့သဲ့ကိုချန်းယောလ်ကြားနေရသည်။
"အိမ်ပြန်လာခဲ့အုံးသား သားဖေဖေလည်းသားကိုတွေ့ချင်နေတယ်"
"မနက်ဖြန်ပြန်လာခဲ့ပါမယ်"
ကျသွားသောဖုန်းကိုစားပွဲေပါ်အသာချကာ
အနားမှာရှိတဲ့စန္တယားခလုတ်တွေကိုနှိပ်နေမိသည်။သည်နေ့scheduleအားလုံးဖျက်လိုက်ရ၍
အားလက်ရက်ဖြစ်နေသည်။ကောင်းခြင်းတော့မဟုတ်။ဒါကdebutပြီး နောက်ပိုင်းပထမဆုံးအကြိမ် scheduleရပ်နားခြင်းဖြစ်သည်။ကိုယ်တိုင်ဖြေရှင်းခွင့်မရသလိုEntကလည်းအခုထိငြိမ်နေဆဲ။ chanyeolမှာသက်သေမရှိဘူး။မန်နေဂျာမှာလည်းသက်သေမရှိဘူး။
ဒါပေမဲ့ ချန်းယောလ်က အခု လူတွေရဲ့အမျက်ဒေါသကိုခံယူနေရသည်။ဖုန်းနံပါတ်တစ်ခုကို ဆက်သွယ်လိုက်သည်။
"ဘာလို့ ဒီလိုလုပ်ရတာလဲ"
တဖက်ကရယ်သံကိုချန်းယောလ် ကျိတ်မှိတ်သည်းခံကာနားထောင်နေရသည်။ဖုန်းကိုင်ထားသောလက်ေချာင်းေတွလည်းခပ်တင်းတင်းဖြစ်လာသည်။
"ငွေ ..အဟက် ငါတောင်းတုန်းက မင်းအသာတကြည်ပေးခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး"
ချန်းယောလ်သက်ပြင်းရှိုက်မိသည်။ သူ သိခဲ့သောမန်နေဂျာသည် သူ့အပေါ်သားတစ်ယောက်လိုစောင့်ရှောက်သူဖြစ်သည်။
ဘာကြောင့်များ....
"ကျွန်တော် ခင်ဗျားကိုအများကြီးပေးခဲ့ပါတယ် တကယ်မထင်ထားဘူး စေတနာနဲ့ပေးတဲ့ပိုက်ဆံအပေါ်မှာခင်ဗျား လောဘတက်လာမယ်လို့မတွေးမိတဲ့ကျွန်တော်အမှားပါ"