part8

21.9K 1K 65
                                    

Unicoad

"ဟို...ဦး"

"ဘာလဲ...."

ဧည့်ခန်းမှာအခန့်သားထိုင်နေတဲ့ဦးကအိမ်ရှေ့မှာလူရောက်နေတာတော့သိ၏။

"နောင့်သူငယ်ခြင်းတွေရောက်နေလို့"

ဖတ်နေတဲ့စာအုပ်ကို ပိတ်ပြီး နောင့်အားစူးစိုက်စွာကြည့်လေသည်။

"အဲ့တော့အိမ်ထဲခေါ်သွင်းမလို့လား"

"ဟုတ်....နောင့်သူငယ်ချင်းတွေကိုအားနာလို့ပါ"

ဦးရှိန်းမျက်မှောင်တို့ကျုံလျှက် အသံမာမာနှင့် ပြောလိုက်သည်။

"မခေါ်ခဲ့ရဘူးမင်းဘာ့သာခြံတံခါးဝမှာစကားပြောပြီးပြန်လာခဲ့....အပြင်ထွက်ဖို့တော့မကြံနဲ့ခြေထောက်တွေရိုက်ချိုးပြစ်လိုက်မယ်"

"..ဟုတ်....နောင်သူတို့ကိုပြန်လွှတ်လိုက်ပါ့မယ်"

ဆိုပြီးနောင်လှည့်ထွက်ကာမိုးစက်တို့ရှိရာခြံတံခါးသို့သွားခဲ့ပြန်သည်

"မိုးစက်မင်းတို့ကိုအိမ်ထဲခေါ်လို့မရဘူးဟငါနောက်နေ့ကျောင်းကိုလာခဲ့မှတွေ့ကြတာပေါ့နော်"

နောင့်ရဲ့စကားကြောင့် မိုးစက်စိတ်ညစ်သွားပုံရသည်။အထဲဝင်လိုမရအောင်ထိ ဒီလူကြီးနောင့်ကို ဘယ်လိုတွေ ပြုမူ​ေနပါလိမ့်ဆို၍ထင်မှတ်၏။

"မင်းကကွာ တော်ပြီ လရောင် ရမှုံပြန်မယ်"

နောင်လဲ ဦးရှိန်းရဲ့အမိန့်လိုမလွန်ဆန်နိုင်တာကြောင့်မလို့ တောင်းပန်ပြီးပြန်လွှတ်လိုက်ရသည်။
"မိုးစက်တို့ sorryပါဟာနောက်နေ့မှတွေ့ရအောင်"

"အင်း အင်း"
,
:
.
.
.
ထို့နောက်နောင်အိမ်ထဲပြန်ဝင်သွားခဲ့သည်။

နောင်ကျောင်းတတ်ရမှဖြစ်မည် မဟုတ်လျှင်သူငယ်ချင်းတွေသူ့အပေါ်စိမ်းကားသွားမှာကြောက်သည် ။

"ဦး...ကျနော်ပြောစရာရှိလို့"

"ဘာပြောမှာလဲ...ဟိုကောင်တွေပြန်ပြီလား"

"သူတို့ပြန်သွားပါပြီဦး....ကျနော်..ဟိုဟာလေ"

နောင်သိပ်မပြောရဲပေ အင်တင်တင်ဖြစ်နေသည်ကိုစိတ်မရှည်တတ်တဲ့ဦးရှိန်းသည်

ဦးသာလျှင်(ဦးသာလွ်င္)completeWhere stories live. Discover now