*my little girl part 6*

2.2K 158 6
                                    

တောင်ပေါ်မြို့ငယ်လေးရဲ့ ဆောင်းမနက်ခင်းက
သိပ်အေးတာ
နှင်းတွေက ပိန်းပိတ်အောင်ကျနေပြီးတော့
ပတ်ဝန်းကျင်တခုလုံးကလည်း မည်းမှောင်လို့
အရုဏ်ဦးကြက်တွန်သံ တချက်ချက်ကြားနေရတာက
လွဲရင် အရာအားလုံးက ဆိတ်ငြိမ်နေတယ်
နေလုံးက လွယ်လိန်းတောင်တန်းကြီးနောက်မှာ
ပုန်းကွယ်နေတုန်းပဲ ထင်ပါရဲ့
အအေးဒဏ်နဲ့ ချမ်းနေရော့သလား
ကျမတို့တော့ သိပ်ချမ်းတယ်
တယောက်လက်ကိုတယောက် ဆုပ်ကိုင်ထားရင်း
ခြုံလွှာတဘက်တထည်ကို နှစ်ယောက်မျှခြုံထားကြရင်း
အိမ်ရှေ့ကနေ လိုင်းကားအလာကို စောင့်နေကြတယ်
ကလေးငယ်ကတော့ ကျမရင်ခွင်ထဲမှာ
ငြိမ်သက်လို့
ရန်ကုန်မှာ ဆောင်းရယ်လို့မှ သိပ်မပီပြင်တာလေ
သိပ်ချမ်းနေ‌ရှာမှာ ဒါပေမယ့်လည်း
မိုင်းရယ်ကနေ လားရှိုးကို သွားဖို့ဆိုရင်
လိုင်းကားတွေက မနက် 4 နာရီလောက်မှာ
ထွက်တာကြောင့် ကြိုစောင့်ရတယ်
ပထမတစီးလွဲသွားတာနဲ့ နောက်ကားတွေက
မသေချာဘူး

အဆင်းအတက်အကွေ့အကောက်များလွန်းတဲ့
တောင်ပေါ်လမ်းဖြစ်တာကြောင့် လိုင်းကားတွေက
ပိုစိတ်ချရတယ်
လုံခြုံရေးဂိတ်တွေအတွက်လည်း စိတ်ပူဖို့
မလိုတော့ဘူး
ကားလက်မှတ်ကို ကြိုမှာထားပေမယ့်လည်း
စောင့်နေမှ ပိုသေချာတာမျိုး
လိုင်းကားရောက်လာတော့ ခရီးသည်က
ကျမတို့နှစ်ယောက်တည်း
နောက်ခန်းမှာက လေတိုးတာကြောင့်
စိမ့်အေးနေတော့ သူမကို ကျမရင်ခွင်ထဲမှာ
မြုပ်နေအောင် ဖက်ပေးထားမိတယ်
ကျမမှာ သူ့အတွက် စိတ်ပူနေပေမယ့်
သူမကတော့ အိပ်လိုက်တာ တုတ်တုတ်မျှကို
မလှုပ်ဘူးလေ
ကျမလက်တဖက်ကိုတော့ မမေ့မလျော့ကိုင်ထားလေရဲ့
အိပ်နေချိန်မှာတောင် ကျမနှလုံးသားကို
နွေးထွေးစေတဲ့ ကလေးငယ်ပါပဲ
ကျမ သူမကို ဘယ်လိုလုပ်ပြီး သူများကို
ပေးနိုင်တော့မလဲ
ကျမရဲ့အတ္တတွေ သိပ်များလာနေပြီ

ကျမ အခြားလူတယောက်ကို မချစ်ချင်ခဲ့ဘူး
ပိုင်ဆိုင်ရမှအချစ်မဟုတ်ပေမယ့်လည်း
လူတယောက်ကိုချစ်မိတဲ့အခါ ပိုင်ဆိုင်ချင်ကြတာ
သဘာဝပဲမဟုတ်လား
တစတစရစ်ပတ်လာတဲ့ ချစ်ခြင်းမေတ္တာကြိုးမျှင်တွေရဲ့ ချည်နှောင်မှုမှာ ကျမနှလုံးသားများ
အကျဉ်းကျနေမလား
ကျမယုံကြည်တဲ့အချစ်တခုက ကိုယ်ချစ်မိတဲ့သူကို လွတ်လပ်စေခြင်းဆိုပေမယ့်
အချစ်တခုမှာ အတ္တကင်းနိုင်ပါ့မလား

*my little girl*(complete)Where stories live. Discover now