*my little girl part 16*

1.6K 128 0
                                    

ကျမ အိမ်ကြီးဆီကို နောက်တခေါက်ပြန်ရောက်လာခဲ့တယ်
ဒီတကြိမ်လည်း အမရာ့ကို အသိမပေးခဲ့ပါဘူး
မကြာတော့တဲ့အချိန်မှာတော့ သူမသိမှာပါ
ကျမဆီက သတင်းစကားကို သူမကြားမှာပါ
ပုံစံတမျိုးမျိုးနဲ့ပေါ့

အမရာကတော့ ပြောခဲ့တယ်
ကျမအတွက် security မြှင့်ဖို့ လိုအပ်သလားတဲ့
အဲ့လိုသာဆို အရမ်းကြီးသိသာသွားမှာ
တဖက်ရန်သူကိုလည်း လျှော့တွက်ဖို့ မသင့်ဘူးမဟုတ်လား
ပြီးတော့ ကျမအတွက် 24 နာရီသာ ရုန်းကန်ရမှာ
အဲ့ဒီအချိန်အတွင်း ရှင်သန်နေအောင် ကြိုးစားဖို့ပါပဲ
24 နာရီကျော်လို့မှ ကျမလွတ်မြောက်မလာခဲ့ရင်
ကျမရဲ့တည်နေရာကို system မှာ ဖော်ပြလိမ့်မယ်
ကျမတို့က secret organization ကြီးတခုရဲ့ အဖွဲ့ဝင်တွေလည်း ဖြစ်တာကြောင့်
အဲ့ဒီ 24 နာရီအတွင်းမှာတော့ ကျမရှင်သန်နိုင်မှာပါ
ဟုတ်တယ်မလား
ကျမကိုယ်ကျမအတွက်မဟုတ်တောင်
ကျမကိုချစ်တဲ့ကလေးငယ်အတွက်

ကျမ ညနေ‌စောင်းအချိန်ကို ရွေးလိုက်တယ်
မြေအောက်ခန်းထဲက မိန်းကလေးကို ရှာတွေ့ဖို့နဲ့
ကျမရဲ့အကြံအစည်နောက်တခုအတွက်
အရင်ဆုံးတော့ ဒိုင်ယာရီစာအုပ်ကို ရှာရမယ်မဟုတ်လား
ဒါမှမဟုတ် ကောင်မလေးကိုပဲ အရင်ရှာရမလား
ခက်တော့တာပဲ
ကျမဘာကိုရွေးရမလဲ
တစုံတယောက်က ပြောတဲ့အတိုင်း ဒိုင်ယာရီစာအုပ်ကိုပဲ အရင်ရှာတာပေါ့
ကျမ အပေါ်ထပ်က အခန်းတွေဆီသွားလိုက်တယ်
ဒီတခါတော့ ဘာအနှောင့်အယှက်မှ မရှိခဲ့ဘူး
အံဝှက်ဆိုတော့ စားပွဲမှာလား ကုတင်မှာလား
ဗီရိုမှာလား
ဒါမှမဟုတ် ကုတင်အောက်က ကြမ်းပြင်မှာ
ဖျတ်ခနဲပေါ်လာတဲ့အတွေးတခုနဲ့ ကျမကုတင်အောက်ကို ငုံ့ဝင်လိုက်တယ်
တွေ့ရပါပြီ
ကွင်းလေးတခု
အဲ့ဒီကွင်းလေးကို ဆွဲလိုက်တော့ အံဝှက်တခုပေါ်လာတယ်
အထဲမှာက ရွှေရောင်စာအုပ်လေးတအုပ်
ကျမ စာအုပ်လေးကို ကောက်ယူပြီး
ဖွင့်ကြည့်လိုက်တော့
ကြိုးတန်းလန်းနဲ့ သော့လေးတချောင်း
အထွေအထူးမစဉ်းစားတော့ပဲ ကျမသော့တံလေးကို လည်ပင်းမှာဆွဲထားလိုက်တယ်
ပထမ mission အောင်မြင်ပြီဆိုတော့
နောက်တခုဆက်တာပေါ့

အခုချိန်ထိ ဟိုလူတွေရဲ့အရိပ်အယောင်ကို
မမြင်ရသေးဘူး
ကျမ ကံကောင်းနေသေးတာပဲ
တံခါးဘေးက လျှို့ဝှက်ခလုတ်လေးကို
ရှာတော့လည်း သိပ်ပြီးမခက်ခဲခဲ့ဘူး
ကျမအိပ်မက်ထဲကလို အနီရောင်လှေကားထစ်တွေ
နောက်ပြီး မည်းမည်းအကောင်ကြီးတွေ
ပေါ်လာမှာလား
ကျမစိတ်မှာ နောက်ကျောမလုံတော့ဘူး

*my little girl*(complete)Unde poveștirile trăiesc. Descoperă acum