28. Zawgyi

1.4K 130 22
                                    

"""Go to Sleep, Go to Sleep, Sleep..."""

သူတို့တစ်ယောက်မှ နီကျင်းကို လူတစ်ယောက်လို့ မသတ်မှတ်ကြဘူး။ သူတို့က စကားချိုချိုလေးနဲ့ နီကျင်းကို ကျင်းမိသားစုရဲ့ ချွေးမလို့ပဲ ဆက်ပြောပေးနေရုံတင် လုံလောက်ပြီလို့ တွေးခဲ့ကြတာ။ ဒါပေမယ့် သူတို့က နီကျင်းကို အရူးတစ်ယောက်လို့ လုံးဝဆက်ဆံခဲ့သည်။

ကျင်းရှောင်ကျူက သူ့တစ်ဘဝလုံးစာ နီကျင်းကိုပဲ ချစ်မယ်လို့ ပြောခဲ့ပေမယ့်လည်း သူမကို ချစ်ပုံက တခြားလူတစ်ယောက်နဲ့ အတူဖို့လား?

ကျင်းရှောင်ကျူက နီကျင်း အမှန်တရားကို လက်မခံနိုင်မှာ စိုးရိမ်လို့ဆိုပြီး နည်းအမျိုးမျိုးနဲ့ ဖုံးကွယ်ခဲ့သည်။ နီကျင်းက ကျင်းရှောင်ကျူရဲ့ ထောက်ထားတတ်မှု့ကို တကယ် အသိအမှတ်ပြုပေးသင့်တယ်။ 😏

နဉ်ရူက အိပ်ရာပေါ်ထိုင်ပြီး ကိုယ်ခံအားကျင့်ကြံနေခဲ့သည်။ အဲ့ဒါက အိမ်မှာ အနားယူနေသလိုပဲ။

အမှန်တိုင်းပြောရရင်၊ ကျင်းရှောင်ကျူနဲ့ ရီရှီးက အောက်ထပ်မှာ ထပ်ပြီးမရှိတော့ဘူး။ အဲ့ဒါက နဉ်ရူကို  အဲ့လိုမတရားကို ရှည်တဲ့ video တွေကြည့်ဖို့ စိတ်ဒုက္ခ မခံရတော့ဘူးပေါ့။ သူမရဲ့ မျက်လုံးတွေကို သန့်စင်ဖို့ သူမက မျက်စဉ်းခပ်ဆေးတွေ အများကြီး ခပ်ခဲ့ရတာ။

သူမရဲ့ ကွန်ပျုတာထဲမှာ video တွေ အများကြီးရှိနေပြီပဲ။ သူမ ထပ်ပြီး စုဆောင်းဖို့ မလိုတော့ဘူးလေ။

ညနေပိုင်းမှာတော့ ကျင်းရှောင်ကျူနဲ့ ရီရှီးက တစ်ယောက်ပြီးမှ တစ်ယောက် ပြန်ရောက်လာခဲ့ကြသည်။ နဉ်ရူက ကျင်းရှောင်ကျူနား ကပ်သွားတော့ သူဆီက ရေချိုးဆပ်ပြာအနံ့ရသည်။

ရီရှီးရဲ့ ဆံပင်တွေကလည်း အရင်းနားမှ စိုထိုငးနေသည်။ အဲ့ဒါက ဒီ၂ယောက် ကုမ္ပဏီမှာ ရေချိုးခဲ့တာ ထင်ရှားနေတာပဲ။

သူတို့ရဲ့ အင်္ကျီတွေကလညိး တွန့်နေသည်။

နဉ်ရူတော့ သူတို့၂ယောက် ရုံးခန်းမှာ ဘာဖြစ်ခဲ့လဲဆိုတာကို အလွယ်လေး တွေးမိသည်။ ဒါပေမယ့် သူမက ဘာမှ မပြောခဲ့ဘူး။

ရီရှီးက ပြန်ရောက်တာနဲ့ သူမရဲ့ အခန်းထဲကို ဝင်သွားသည်။ သူမ ပြန်ထွက်လာတော့ သူမရဲ့ အပြင်ဝတ်ကို လဲခဲ့သည်။

MUAMM: သစ္စာမရှိတဲ့ အချစ်တတ်ဆုံး အိမ်ထောင်သည်​ယောကျ်ား(Myanmar Translation)Where stories live. Discover now