👑15👑

3.2K 240 8
                                    

Unicode

ညတစ်ည ဥယျာဥ်တော်တွင်းက ရေကန်လေးနားမှာ လ ကို မော်ကြည့်နေတဲ့ အဖြူရောင်လွှလွှလေး  လက်ထဲကလဲ ပုလွေတစ်ချောင်းကို ကိုင်ထားရင်း

ဒီလိုည​တွေကို ကျော်ဖြတ်ရတာ ဝေ့ရင်းအတွက် မခက်ခဲဘူးဆိုရင် လိမ်ရာကျပေလိမ့်မည်
ကိုချစ်တဲ့သူက တခြားတစ်ယောက်နဲ့ ခန္ဒာကိုယ်ချင်းနှီးနှောနေတယ် ဆိုတဲ့အသိစိတ်က နှလုံးသားတို့ကို  နှင်းဆီဆူးတွေလို ထိုးဆွနေသယောင်
နှင်းဆီဆိပ်တတ်မှာသိပေမဲ့ ကိုယ်ကိုတိုင်က လိုလိုလားလား ဆူးခွင့်ပြုထားတာမို့ နှလုံးသားထဲက နာကျင်မှုကို ဥပေက္ခာ ပြုချင်မိပါရဲ့ သို့ပေမဲ့ နာကျင်နေတဲ့ ခံစားချက်က ဥပေက္ခာ ပြုထားလို့ရတဲ့အခြေအနေမဟုတ်တန်ရာ
သက်သာလိုသက်သာငြား ဥယျာဥ်တော်ထဲ လမ်းလျောက်ထွက်လာခဲ၏
တစ်ယောက်ထဲနေချင်တာမို့ တခြားလူတွေ ဥယျာဥ်ပေါက်မှာပဲ စောင့်စားစေခဲ့တာ
လျောက်လာရင်း ရေကန်လေးနားရောက်လာခဲ့တော့ သိပ်မကြယ်သော ထိုရေကန်က ကောင်းကင်က လမင်းနဲ့ ကြယ်အများအပြားရဲ့ ပုံရိပ်ကိုတော့ ဖမ်းယူနိုင်စွမ်းရှိတယ်
လမင်းကိုမော့ကြည့်တော့ သူလဲ ကိုယ်လိုပဲ အထီးကျန်နေမှာပဲဆိုတဲ့ အတွေးက ဝင်လာတယ်
ဘေးမှာ ကြယ်လေးတွေများစွာ ခစားနေပေမဲ့လို့ တကယ်တမ်းအဖော်ပြုပေးနိုင်မည့်သူကမရှိ
သုံးည ဒီသုံးညထဲတောင် ဝေ့ရင်း အတွက် ခံစားရခက်စေသည်
လက်ထဲက ပါလာတဲ့ ပုလွေကို နှုတ်ခမ်းနှစ်လွှာပါး တေ့ပြီး စိတ်အစုံကို ပုလွေထဲ ထည့်လိုက်တယ်
မကြာခင်ပဲ နန်းတော်ဥယျာဥ် ထဲက ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ ပုလွေသံသာသာက ပျံ့လွှင့်လာ၏
နားထောင်မိသူတိုင်းပင် ဒီအသံပိုင်ရှင်ရဲ့ ခံစားချက်ကို သိမြင်နိုင်၏ ခံစားနိုင်စွမ်းရှိ၏

တကယ်တော့ မိဘုရားနဲ့အတူ အိပ်ဆောင်ဝင်တဲ့ လန်ဘုရင်သည်လဲ ခံစားချက်ကို မိမိချစ်ရသူရဲ့မျက်နာသာ မြင်ယောင်ပြီး ဤသုံးညကို ကုန်လွန်စေခဲ့တယ်

................................................

တစ်လအကြာ -

ဝေ့ရင်းခုတလော မူမမှန်ချင်             အစားအသောက်တွေလဲပျက်လာတယ် ခနခနလဲ ပျို့အန်နေတယ် သွေးကြောကိုစမ်းကြည့်တော့ အ​​​ြေ က မသေချာလှတာမို့ သမားတော်ခေါ်ခိုင်းရတယ်

👑 Legend Of Xiao. 👑{uni/zgi}{Completed}Where stories live. Discover now