အပိုင်း (၅) : ချဥ်းကပ်ခြင်း

1K 117 6
                                    


{Unicode🌻}

ကျွန်တော် ခင်ဗျားဆီက..
အထီးကျန်မှု တစ်ခုတည်းကိုပဲ
မြင်ခဲ့မိတာ...။
ကျောဘက်မှာ ဝှက်လာခဲ့တဲ့
ဓားကိုတော့...
ကျွန်တော် မမြင်နိုင်ခဲ့တာ
အတော်လေး ရူးနှမ်းရာ ကျခဲ့ပါတယ်....
ဒါပေမယ့် ခင်ဗျားရေ
စူးမယ်မှန်း သိရဲ့နဲ့
တိုးဝင်မိခဲ့တာက အတော်လေး
ရူးမိုက်ရာကျတယ်နော်

******


အပိုင်း ၄အဆက်>>>

"happy birthdayပါ အလိမ္မာငယ် ပျော်ရွင်ပါစေနော်..."

ကျွန်တော့်လက်ထဲမှ ရေခဲမုန့်ဗူးလေးအား ငယ့်ဆီကို လှမ်းပေးလိုက်တော့ အံ့သြသလို ငေးကြည့်လာသော မျက်ဝန်းများ...။ ထို့နောက် တစ်ကိုယ်လုံး တုန်ရီလာပြီး သူလဲပြိုဖို့ အဆင်သင့်လို ဖြစ်နေသည်....။ လဲပြိုဟန် ရှိနေသော သူ့ခန္ဓာကိုယ်လေးကို ဦးပြိုင်က ဘေးနားကနေ ပွေ့ထိန်းပေးလိုက်ပြီး အဆင်ပြေရဲ့လား စစ်ဆေးနေပုံရသည်... ။

သူတို့နှစ်ယောက်ကိုကြည့်ပြီး ကျွန်တော် ပြုံးနေမိသည်...။ အလိမ္မာငယ်ဆိုတဲ့ ဘဝလေးက အထီးကျန်သလို ထင်ရပေမယ့် သူလဲပြိုတိုင်း ထိန်းထားပေးမယ့်သူ ရှိနေသည်...။ သို့သော် ကျွန်တော့်မှာတော့ လဲပြိုလိုက်တိုင်း မြေပြင်ကျယ်ကသာ စီးခံနေသည်...။ ကောင်းတော့ ကောင်းပါသည်လေ.... ကိုယ်ထွက်သွားရင်တောင် အနှောင်အဖွဲ့အတွက် တပ်မက်စရာ မလိုတော့ပေ....။

ရုတ်တရက်ဆိုသလို အသည်းမာတယ်ဟု နာမည်ကြီးနေသော အလိမ္မာငယ်က ရုတ်တရက်ဆိုသလို ထ,ပြီး ရယ်လေသည်....။ ထို့နောက် ချက်ချင်းရပ်တန့်သွားပြီး မျက်ရည်တို့က ကျလာပြန်သည်....။ ကျွန်တော့်အယူအဆမှန်း မှားသွားပြီလားဟု တွေးတောနေစဥ်မှာပင်.....။

"ကျေးဇူးပါ... တကယ်ကျေးဇူးတင်ပါတယ်... တစ်လောကလုံး ငါ့ကို နားမလည်ဘူး ထင်ခဲ့လို့... ငါ... အင်း... ဒီနေ့ အရမ်းပျော်တယ်... အခါတိုင်းလိုပဲ ငါ့မွေးနေ့က ဘာမဟုတ်တဲ့ ရက်တစ်ခုလို ပြီးသွားမယ် ထင်ထားတာ.... ဦးပြိုင်မျဥ်းညီ... စွန်ငယ်ကို မနမ်းချင်ဘူးလား??"

သူ့စကားကြောင့် ကျွန်တော်ရော ဦးပြိုင်ပါ မျက်လုံးပြူးသွားရသည်...။ အခြေအနေက ဒီလိုဖန်ခဲ့တာမျိုး မဟုတ်ပါ....။ အခုဟာက ဦးပြိုင်ကတော့ သူ့ချစ်သူစိတ်ချမ်းသာဖို့အတွက် လုပ်ပေးနိုင်ပေမယ့်ကျတော့....။

စွန်ငယ် Where stories live. Discover now