အပိုင်း (၈) : အမုန်းဆု

1K 98 12
                                    

{Unicode🌻}

ဦးဆီက လာတဲ့ အမုန်းတွေက
အငြိုးနဲ့ ကျွန်တော့်ဆီ
ကြွေကျခဲ့ရင်တောင်
ဆု အဖြစ်နဲ့ ကျွန်တော် သိမ်းဆည်းထားပါ့မယ်

*****

ဒီနေ့နဲ့ဆို သူနဲ့ ကျွန်တော့်ရဲ့ အိမ်ထောင်သက်တမ်းက ၃လနီးပါး ရှိနေပြီ..။ ကျွန်တော့်မှာ အခုထက်ထိ ဦးနဲ့ မျက်နှာချင်းဆိုင် စကားမပြောသလို ဆုံလည်း မဆုံမိသေးပါ...။.ကျွန်တော့်မှာ ဦးနဲ့ပတ်သတ်ပြီး ရယူလိုစိတ် ဘာမှမရှိသည်မို့ ဦးရဲ့ အမည်ခံ အနေနဲ့သာ ရှိနေသည်....။

ဦး ခဏ ခဏ ပြောခဲ့ဖူးသော စကားလို ကျွန်တော်က အယောင်ဆောင် အခွံနဲ့ ဝင်ကစွပ် ကောင်တွေလို...။ ကျွန်တော်က အချိန်တန်ရင် ပျောက်ကွယ်သွားရမယ့်သူတဲ့...။ ကျွန်တော့်ဘဝတစ်ခုလုံး ရေစုန်မျှောလိုက်ရမယ့် အနေအထားမျိုး.... ။

"စွန်ငယ်လေး.... ထမင်းစားမယ်လေ... ။ သား ဘာတွေ ငေးနေတာလဲ??"

ကြီးကြီး စကားကြောင့် ကျွန်​တော့်မှာ တွေးလက်စ အတွေးငယ်တို့ မျှောလွင့်ကုန်မိသည်...။ နောက်ပြီး မသိလိုက် မသိဘာသာ ရှိနေသည်က ကျွန်တော့်ရဲ့ မျက်ရည်စ,များက သူ့အလိုလိုပင် စီးကျနေတာကို သတိထားမိသည်....။

"ဟုတ် ကြီးကြီး ကျွန်တော် ထမင်း လာစားမယ်နော်...။ ဒါနဲ့ ကြီးကြီး ဦးတည်က ဒီနေ့ အိမ်ပြန်မလာတော့ဘူးလားဟင်?"

"မသိသေးပါဘူး သားရယ်...။ မင်း ဦးတည်က ဒီရက်ပိုင်း အိမ်ပြန်နောက်ကျတယ်...။ သူ့ကို မစောင့်ဘဲ ထမင်းအရင်စားလိုက်ပါနော်..."

ထို့နောက် ထိုကလေးက ကျွန်မခေါ်ရာနောက်သို့ လိုက်ပါလာခဲ့သည်....။ ကျွန်မစီစဥ်ပေးသော ထမင်းစားပွဲမှာ ထိုင်ပြီး တွေတွေလေး ငေးနေသည်....။ ကျွန်မထည့်ပေးသော ထမင်းတို့ကို မငြင်းဘဲ ဇွန်းခရင်းနဲ့ သေချာလေး ခတ်နေမိရင်းမှ....။

"ဦးက ဒီရက်ပိုင်းဘာလို့ နောက်ကျနေတာလဲဟင်?? အမြဲတမ်းလိုလို နောက်ကျနေတာလား? ဘယ်နှစ်နာရီလောက်မှ ပြန်လာတတ်တာလဲ??"

စွန်ငယ် Where stories live. Discover now