02

211 35 4
                                    

-U-



' ဘယ်လိုပဲ ထားချင်သလိုထားခဲ့လို့ ရတယ်ဆိုဆို ကော်ဖီတစ်ခွက်တောင်မှာမသောက်ပဲ အဆင်သင့်ရချင်တဲ့စာအုပ်တွေကို အလကားစိတ်ကြိုက်ဖတ်လို့ရနေရဲ့သားနဲ့ စာအုပ်တွေကို ယူပြီးရင်သူ့နေရာသူရောက်အောင် ပြန်ထားမှပေါ့။အကိုဂျင်တို့များ ဘယ်လိုတောင်သဘောကောင်းနေတာလဲ။'

ကျောင်းသား ကျောင်းသူများ ခုံတွင်တင်ထားရစ်ခဲ့သည့် စာအုပ်များကို လိုက်စုကာ စာအုပ်စင်ပေါ်သူ့နေရာတွင် ပြန်ထာရင်း အသံတိုးတိုးနှင့် ပွစိပွစိရေရွတ်နေသော ဖြူဖြူလုံးလုံးကောင်လေးကို ဂျင် ကော်ဖီစင်နောင်တွင်ထိုင်ကာ ငေးကြည့်နေရင်း သဘောတကျ ရယ်မိပြန်သည်။ သူမကြားဟုထင်ကာ သူ့ကိုပင်အပြစ်တင်နေလိုက်ပါသေးရဲ့။ ဘယ်လောက်တောင်ချစ်စရာကောင်းနေသလဲဆိုသည်ကို ထိုကောင်လေးကတော့
သူ့ကိုယ်သူမသိလေထင့်။

' အလကား သည်ကောင်လေး လုပ်ရတာပျင်းတာလည်းမဟုတ်ပဲ အားမလိုအားမရနဲ့ ပွစိပွစိလိုက်လုပ်နေခြင်းသာ။'

"ယွန်းဂီ ကိုယ်ပြန်ပြီနော်။ မင့်လည်းပင်ပန်းရင် စောစောပိတ်လို့ရတယ်။"

ဆော့ဂျင် သူပစ္စည်းများကို သိမ်းကာ ယွန်းဂီကိုတလက်စတည်း နှုတ်ဆက်လိုက်သည်။ စားပွဲခုံသုတ်နေရာမှ သူ့စကားကို အကြည့်တစ်ချက်ဖြင့်အသိအမှတ်ပြုကာ ခေါင်းပြန်ငုံ့ကာစားပွဲကိုဆက်သုတ်နေသည်။ ဆော့ဂျင် တမင်ပင် ထိုကောင်လေးနားမှဖြတ်ကာ ခေါင်းကိုတစ်ချက်ထိရင်
ထိုကောင်လေး၏ဆံပင်များကို ဖွပြီးမှပင် အပြင်သို့အမြန်ပင်ထွက်လာခဲ့သည်။ ထိုကောင်လေး
ပွစိပွစိဖြင့် စိတ်တိုကျန်ရစ်မည့်ပုံကို တွေးမိပြီး ဆော့ဂျင်သဘောကျကာ ရယ်မိရသည်။



*****



"အခုတလော စိတ်ချမ်းသာစရာ ကိစ္စတခုခုရှိ
နေလို့လား၊ ကြည့်ရတာလန်းဆန်းနေတယ်"

ဆေးစာရင်းရေးနေရာမှ သူ့ကိုတချက်မော့ကြည့်ရင်း ပြောလာသည့် အကိုကြောင့် ဆော့ဂျင်ပြုံးမိသည်။ အကိုကတော့ အကိုပါပဲ။ နည်းနည်းမှကိုဖုံးထား၍မရ။ သို့သော်လည်း ဆော့ဂျင် ခပ်တည်တည်နှင့်ပင် ငြင်းချက်ထုတ်လိုက်သည်။

Solitude [ Ongoing ]Donde viven las historias. Descúbrelo ahora