03

207 30 3
                                    

-U-




'ချွင်း'

ယွန်းဂီ ပစ္စည်းတွေသိမ်းနေရာမှ ဆိုင်တံခါး
ဖွင့်သည့်အသံကြားလိုက်သောကြောင့်
အံ့ဩသွားရ၏။
တက္ကသိုလ်နားတွင် ရှိသည့်ဆိုင်ဖြစ်‌ သောကြောင့်
ဒီကိုလာသည့် လူအများစုက ကျောင်းသား၊ ကျောင်းသူများပင်။ ဆိုင်ပိတ်ချိန်ကိုလည်း
လူတိုင်းသိသောကြောင့် ဆိုင်ပိတ်ဖို့ ဆယ့်ငါးမိနှစ်လောက်လိုသည့်အချိန်တွင်ပင် မည်သူမှ
လာလေ့မရှိတော့ပေ။ သူ 'ပိတ်သည်' ကဒ်ဘက်ကိုလည်းလှည့်ထားပြီးပြီပင်။
သူမလုပ်ရသေးတာဟူသည် ဆိုင်ထဲက
မီးတွေပိတ်ဖို့သာကျန်တော့သည်။

သူ့ပစ္စည်း‌တွေထည့်နေရာမှ စိတ်ရှုပ်ထွေးစွားနှင့်ပင် လှည့်မကြည့်ပဲ လှမ်းပြောလိုက်သည်။

"ဆိုင်ပိတ်ပါပြီ"

"ဆော့ဂျင်"

နာမည်ခေါ်လိုက်သည့်အသံနှင့်အတူ
လမ်းလျောက်ဝင်လာသည့်အသံကိုပါကြားလိုက်ရသည်။ ထိုအပြင် ကျောခြမ်းလာသည့်ခံစားချက်နှင့်အတူ အန္တရာယ်အငွေ့အသက်ကိုပါ ခံစားမိလိုက်သောကြောင့် ယွန်းဂီ လက်ထဲမှ အိတ်ကိုချကာ အနောက်ကိုအမြန်ပင်လှည့်ကြည့်မိသည်။

ထိုသူကလည်း ယွန်းဂီကိုမြင်သည်နှင့် အံ့ဩဟန်ဖြစ်သွားကာ လျှောက်နေသည့်ခြေလှမ်းများလည်းရပ်တန့်သွားသည်။

ယွန်းဂီလည်း ထိုသူ့မျက်နှာကိုမြင်မိသောအခါအံ့ဩသွားရသည်။ နွေးထွေးဟန်မျက်ဝန်းများနှင့် ချောမောပုံကျလှသည့် မျက်နှာကျက
သူခုဏက ခံစားလိုက်ရသည့် အန္တရာယ်အငွေ့အသက်များနှင့် လားလားမှပင်
သက်ဆိုင်မနေချေ။
သူပဲအမြင်မှားနေသလား၊ သူ့ခံစားချက်များကပဲ အထင်မှားနေသလားပင်။

"ဘယ်သူလဲမသိဘူးဗျ။ ကျွန်တော်တို့ဆိုင်ပိတ်ပါပြီခင်‌ဗျ။ နောက်နေ့မှပဲလာခဲ့ပါ။"

ထိုလူ့ကိုအကဲခတ်ကြည့်ရင်း ယွန်းဂီ ပြန်ဖြေလိုက်သည်နှင့် ထိုမျက်နှာချောချောက
ခေတ္တမျှ အေးခဲသွားသလိုပင်။ ယွန်းဂီ နားမလည်နိုင်စွာဖြင့် သူပဲအမြင်မှားသလားထင်မိသွားရသည်။ ဆိုင်ပိတ်သွားပြီဟုကြားရုံနှင့် ထိုမျှ မျက်နှာပျက်စရာအကြောင်းမရှိပေ။
'ဒီဆိုင်ကကော်ဖီကို အရမ်းသောက်ချင်နေလို့များလား၊ အဲ့လိုဆိုရအောင်လည်း ဘာလို့ ဒီလူကိုအရင်က လာတာ တခါမှမတွေ့ဖူးပါလိမ့်'

Solitude [ Ongoing ]Where stories live. Discover now