အပိုင်း(၃)

1.3K 115 0
                                    

Uni
''အစ်ကိုတော် ဂရုစိုက်ပါ''

         ယွီယန်က သူမ၏အစ်ကိုအား ပစ္စည်းထုပ်အား ပေးလိုက်ရင်းဆိုလေ၏။ ထိုပစ္စည်းအထုပ်ထဲတွင် အနည်းငယ်ဟောင်းနွမ်းနေသည့်အဝတ်တို့နှင့်အတူ ဝူရှင်းလုပ်ပေးထားသည့်နှစ်လစာနီးပါးဆေးတို့ပါလေသည်။ သတ်မှတ်ထားသည့်အချိန်အရဆိုလျှင် နောက်တစ်လဆိုသည်နှင့်အသံကနဂိုအတိုင်းဖြစ်ပြီဆိုပေမယ့် လိုရမယ်ရနှစ်လစာထည့်ပေးလိုက်လေသည်။

ညီမဖြစ်သူပေးလိုက်သော အထုပ်ကိုယူလိုက်ပြီး အရင်ဖြည်ကြည့်လိုက်သေးသည်။ လိုအပ်မည့်ပစ္စည်းအကုန်ပါစေရန် စစ်ဆေးနေသည်။

ထိုအချိန်တွင် ယွီယန်ကငွေထုပ်အား ထည့်ပေးလိုက်ပြီး

''အစ်ကိုတော်က အရေးကြီးတာ မေ့နေပါလား''

ယွီယနိက ပြုံးရင်းဆိုလေသည်။

ငွေဆိုသည်မှာ သာမန်လူတန်းစားမဆိုနှင့် သူကြွယ်တွေအတွက်ပါ အရေးကြီးလေသည်။ ငွေရှိလျှင်ကား အရာရာပြည့်စုံလေ၏။ ထို့ကြောင့် ယွီယန်ဟာ သူမ၏အစ်ကိုတော်ကို ငွေလုံလုံလောက်လောက် ထည့်ပေးလိုက်သည်။

ခပ်ဖောင်းဖောင်းငွေထုပ်လေးအား ယူကြည့်လိုက်ပြီး ဟောင်ရန်က ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်သည်။ ဒီပမာဏဟာဆိုလျှင် သာမန်လူတွေအနေနှင့်ဆိုလျှင် လိုအပ်သည်ထက်ပိုနေသော ပမာဏဖြစ်မှန်း သူသိလေသည်။

'(အစ်ကိုတော်...စိတ်ချမယ်နော်)'

''ဟုတ်ကဲ့ စိတ်ချလက်ချသွားပါ''

ယွီယန်ကပြောလိုက်ပြီး အစ်ကိုဖြစ်သူအား နှုတ်ဆက်လိုက်သည်။ ဟောင်ရန်လည်း ခေါင်းငြိမ့်လိုက်ပြီး ပစ္စည်းတွေအားသေချာ ပြန်ထုပ်လိုက်ကာ ယူဆောင်လိုက်ပြီး အိမ်တော်ထဲမှထွက်ရန်ပြင်တော့သည်။

အိမ်တော်ထဲမှမထွက်ခင် ယွီယန်က

''အစ်ကိုတော် ထီးယူသွားအုန်းနော်''

ထိုအချက်ကိုတော့ သေချာမှာကြားလိုက်ရသည်။ အကြောင်းကတော့ ဟောင်ရန်ဟာ မိုးထိသည်နှင့် ဖျားတတ်သည်ဖြစ်သောကြောင့်ပင်။ ဟောင်ရန်ကလည်း သူ၏လက်ကိုယမ်းပြလိုက်ကာ နားလည်ကြောင်း ပြလိုက်ပြီးမှ အခန်းထဲမှထွက်သွားလိုက်လေသည်။

နှလုံးသားမှရင်ဖွင့်သံ[Complete]Where stories live. Discover now