အပိုင်း(၂၁)

559 50 0
                                    

"ဟောင်ရန်..."

သူ၏ရင်ခွင်ထဲရှိ ပွေ့ချီထားသော ကောင်လေးဆီမှ ရေရွတ်သံ။ တိုးညှင်းလှပေမယ့် သူ၏နားထဲတွင် မြည်ဟိန်းနေလေသည်။ ရင်ခွင်ထဲမှ ကောင်လေးဟာတော့ မည်မျှအထိ သောက်ထားလဲ မသိ အသိစိတ်ပင်မရှိလေတော့။

အရက်အရှိန်ဖြင့်နီရဲနေသော အနှီကောင်လေးဟာ အလွန်အမင်း ချစ်ဖို့ကောင်းသည်ဟု ဟောင်ရန် သက်မှတ်ပေသည်။ နီရဲနေသော ပါးနှစ်ဖက်နှင့် နှာထိပ်လေးက ထိတွေ့ချင်ဖွယ်ကောင်းပြီး မှေးစင်းကာ ပေကလပ်ပေကလပ်ဖြစ်နေသည့် မျက်ဝန်းလေးဟာ ဝင်းလက်နေ၍ အရည်ကြည်လေးများ လဲ့နေသည်။ ဆိုးဆေးဆိုးထားသည့် နှုတ်ခမ်းအသေးလေးကလည်း ဆွဲဆောင်မှုရှိနေသည်။

အနှီအမူးသမားလေးဟာ အိပ်ချင်နေပြီ ထင်သောကြောင့် အိမ်ကို အမြန်ပြန်လာလေသည်။ ညသန်းခေါင်ယံ ဖြစ်နေသောကြောင့် လူရှင်းနေပြီး လမ်းတွင် သူတို့နှစ်ယောက်သာ ရှိလေသည်။ ကင်းလှည့်နေသည့်ရဲမတ်တွေနှင့် မတွေ့သည်က မဟာကံကောင်းမှုကြီး တစ်ခုဖြစ်ပေမည်။ မဟုတ်လျှင် ဒီအချိန်ကြီးဘာလို့ရှိနေတာလဲဆိုပြီး အချုပ်ခန်းထဲ ရောက်ဖို့သေချာသည်။

အိမ်ကိုပြန်ရောက်တော့မှ ဟောင်ရန်လည်း သက်ပြင်းချနိုင်တော့ပြီး သူ၏ရင်ခွင်ထဲမှ အားချွမ်ကို အောက်ခဏချလိုက်ကာ ဗီရို​ဘေးတွင် ခေတ္တမှီခိုင်းထားပြီး အိပ်ယာခင်းနေသည်။ ဒီလိုမူးနေမည်မှန်းသိခဲ့လျှင် သူအိပ်ယာကို ကြိုခင်းထားလိုက်ပါသည်။

အိပ်ယာခင်း​နေတုန်း အားချွမ်ဟာ မှေးစင်းနေသော သူ၏မျက်လုံးတို့ကို ပွတ်သပ်လိုက်ပြီး ယိုင်တိုင်တိုင်ဖြင့် ဟောင်ရန်၏ အနားကပ်လာသည်။ ထို့နောက် သာယာချိုမြိန်သောအသံဖြင့် ဟောင်ရန်၏လည်ပင်းအားဖက်ကာ နားရွက်အနားကပ်လာပြီး အနှီလူ၏အမည်အား တစ်လုံးချင်းပင် ရေရွတ်လိုက်သည်။

"ဟောင်...ရန်"

အဆိုပါအားကြားလိုက်ရသည့် ဟောင်ရန်ဟာ မျက်လုံးတို့ဝိုင်းစက်သွားပြီး သမင်လည်ပြန်အကြည့်ဖြင့် အားချွမ်ဘက်အား လှည့်ကြည့်လိုက်သည်။ ထို့နောက်သူ၏ လည်ပင်းထက်မှ အားချွမ်၏လက်တို့ကို ဖယ်ရှားလိုက်ကာ သူ၏ကိုယ်လုံးက အားချွမ်ဘက် လှည့်လိုက်သည်။

နှလုံးသားမှရင်ဖွင့်သံ[Complete]Where stories live. Discover now