Part.①⓪

1.3K 132 2
                                    

[ Unicode ]

ခပ်အေးအေးသီချင်းတစ်ပုဒ် ပျံ့လွင့်နေတာကလွဲလို့
ကားထဲရှိ လူနှစ်ယောက်ကတော့ ဆိတ်ငြိမ်လျက်ရှိနေကြသည်။

ထယ်ယောင်း အပြင်ကိုငေးနေရင်း အတွေးတွေများစွာနဲ့။
ပြီးခဲ့တဲ့ရက်တွေတုန်းက အလုပ်ရှုပ်နေတယ်ဆိုပြီး ဒီနေ့တော့ ကောက်ခါငင်ခါပဲ ဒယ်ဂူကို သွားမယ်ဆိုပြီးပြောလာခဲ့သည်။

အစကတော့ အလုပ်ကိစ္စနဲ့ပတ်သက်လို့ပဲ ထင်ထားခဲ့တာ
အိမ်ကိုပြန်ရမှာဆိုတော့ ထယ်ယောင်းမပျော်ပဲနေပါ့မလား။
အိမ်ကိုလည်း လွမ်းနေတာ ကြာပြီလေ။

ဂျောင်ဂုက ဘယ်လိုစိတ်ပြောင်းသွားလဲတော့ မသိဘူး။
အခုလည်းပဲ ကားမောင်းနေရင်းနဲ့ မကြာခဏဆိုသလို လူကိုလှည့်ကြည့်နေတာ။ ဂျောင်ဂုကတော့ မသိမသာလေးဆိုပေမဲ့ ကြာလာတော့ ထယ်ယောင်းမှာ ရှက်ပြီး နေရခက်လာခဲ့သည်။

" အဟမ်း ! ကိုယ့်ကို ပြောစရာစကားမရှိဘူးလား ?
ကားမောင်းရင်းနဲ့ တိတ်ဆိတ်နေတော့ အိပ်ချင်လာသလိုပဲ "

အိမ်ကနေစထွက်ကတည်းက ခရီးတဝက်ကျိုးတဲ့အထိ ငြိမ်နေတဲ့ ထယ်ယောင်းကို ဂျောင်ဂုကပဲ အကြောင်းမရှိအကြောင်းရှာကာ စကား,စပြောလိုက်သည်။

ခေါင်းကိုက်နေတယ်ဆိုတဲ့ ကောင်လေးက ဒယ်ဂူကိုသွားရမယ်လို့ ကြားလိုက်ရော မျက်နှာလေးက လန်းဆန်းလာတာကို တွေ့လိုက်ရသည်။
ဒီလိုကျတော့လည်း ခရီးသွားမယ်ဆိုတဲ့ သူ့ဆုံးဖြတ်ချက်က မှန်ကန်သွားတယ်လို့ တွေးမိသည်။

" ရောက်ဖို့လိုနေသေးတော့ ကားတစ်လှည့်စီမောင်းပေးရမလား "

" ရတယ်။ မလိုဘူး "

အသံလေးဘာလေးကြားချင်လို့ မေးလိုက်ပေမယ့် စကားလမ်းကြောင်းလွဲသွားတဲ့ ထယ်ယောင်းကြောင့်
ဂျောင်ဂုမှာမအီမလည်ဖြစ်သွားခဲ့သည်။
သို့ပေမယ့် အလိုမကျသံဖြစ်သွားတော့ မျက်နှာကမဲ့ပြီး နူတ်ခမ်းကပွစိပွစိနဲ့ ဘာတွေရေရွတ်နေမှန်းမသိတဲ့ ထယ်ယောင်းရဲ့အမူအယာလေးကို မြင်လိုက်ရသည်။ တစ်ခါမှမမြင်ဖူးတဲ့ပုံစံလေးမို့ စိတ်ထဲကနေပြီး ....

" ချစ်ဖို့ကောင်းတယ် "

" ဟမ် ! "

အပြင်အထိပါ ထွက်အံကျလာတဲ့အပြင် အဆက်အစပ်မရှိတဲ့ ဂျောင်ဂုစကားကြောင့် ထယ်ယောင်းက အူတူတူမျက်နှာလေးနဲ့ လှည့်ကြည့်လာခဲ့သည်။

You're My Destiny Where stories live. Discover now