Part.③

1.7K 179 7
                                    

[ Unicode ]


ခဏလေးအကြည့်ချင်းဆုံရုံနဲ့ ဂျွန်ဂျောင်ဂုက ကျွန်တော့်ကို အတွေးများစေခဲ့သည်။
အမြဲတမ်းတွေ့နေရတဲ့ စူးရှထက်မြက်တဲ့အကြည့်တွေအစား ခပ်ဖျော့ဖျော့မျက်ဝန်းတွေနဲ့အတူ လေသံကလည်း အနည်းငယ်ပျော့ပျောင်းလို့နေသည်။
ထိုပုံစံကို လက်ထပ်ပြီး အခုလို လအနည်းငယ်ကြာမှ
ပထမဦးဆုံးမြင်ဖူးခြင်းသာ။
လူကဲခတ်မကျွမ်းတဲ့ ထယ်ယောင်းအဖို့ သူဘာဖြစ်နေလည်းဆိုတာ မခန့်မှန်းနိုင်ခဲ့ဘူး။

ဂျောင်ဂုအကြောင်းထိုင်တွေးနေမည့်အစား စာဖတ်နေတော့မယ်ဆိုပြီး ခြေလှမ်းတွေကို အိမ်ထဲဘက်သို့ ဦးတည်လိုက်သည်။
အောက်ထပ်မှာ တိတ်ဆိတ်နေပြီး သူ့ကိုမမြင်မိတာကြောင့်
ကြည့်ရတာ အပြင်ပြန်ထွက်သွားပြီ ထင်ပါတယ်။
အတွေးနဲ့အတူ အပေါ်ထပ်ကိုတက်လာတော့ အနည်းငယ်ဟနေတဲ့အခန်းတံခါးကနေ ဖုန်းပြောနေတဲ့အသံကို ကြားလိုက်ရသည်။

အလုပ်ကြိုးစားလွန်းတဲ့သူ့ကို ဒီလိုမျိုးနေ့တဝက်နဲ့ အိမ်ပြန်လာတာမျိုး မမြင်ဖူးဘူး။
ကျွန်တော့်ကို စိတ်မချလို့ပြန်လာကြည့်တာလား ?
မဟုတ်ဘူး  ...ပိုလို့မဖြစ်နိုင်ဘူးလေ နောက်ကွယ်မှာ
သူမသိဘဲနဲ့ ဘာတစ်ခုမှလုပ်လို့မရအောင် ဒီအိမ်မှာ ကျွန်တော့်ကိုစောင့်ကြည့်နေတဲ့ မျက်စိတွေ နားတွေရှိနေတာပဲကို ။
ထယ်ယောင်း ခေါင်းသာယမ်းလိုက်မိသည်။

" အစ်ကိုလေး ... အစ်ကိုလေး ! ဒီမှာဘာလုပ်နေတာလဲ ? "

" အမ် ! ဟမ် ? "

ခေါ်သံကြားမှပဲ ကိုယ်ဟာကိုယ်လှေကားထိပ်မှာရပ်ပြီး အတွေးများနေပြန်တာကို သတိထားမိတော့သည်။
အိမ်အကူကောင်မလေးကို ကြည့်လိုက်တော့ လက်ထဲကဗန်းပေါ်မှာ နွားနို့တစ်ခွက်နဲ့ ဆေးအချို့ကို တွေ့လိုက်ရသည်။
ကြည့်ရတာ ဂျောင်ဂုဆီကိုသွားပို့မလို့ ထင်ပါတယ်။
ထိုအချိန်မှာပဲ အခန်းထဲကပျံ့လွင့်လာတဲ့
ဂျောင်ဂုရဲ့ဒေါသတကြီးအော်ဟစ်သံကို ကြားလိုက်ရသည်။ တွန့်ဆုတ်တွန့်ဆုတ်နဲ့ အခန်းထဲဝင်ရမှာကြောက်နေတဲ့ အိမ်အကူကောင်မလေး
လက်ထဲကဗန်းကို လက်လွှဲယူလိုက်ရင်း ...

You're My Destiny Where stories live. Discover now