Part - 5

23.5K 2.5K 134
                                    

မင်းနေခ ဓာတ်လှေကားထဲ ဝင်လိုက်တော့ မျက်နှာတည်တည်နဲ့ ကောင်လေး တစ်ယောက်ရှိနေသည် ။

" အခုမှ ရောက်တာလား "

" အင်း "

ဘာလဲ ဟိုနေ့ကကျတော့ ကိုကို ကိုကို နဲ့ ပြုံးပျော်နေပြီး ဘာလို့ အေးစက်နေပြန်တာလဲ ။

" မနက်စာ စားပြီးပြီလား "

" အင်း "

" ကိုကို့ကို စိတ်ဆိုးနေလား "

ရှေ့ကိုပဲ တည့်တည့်ကြည့်ကာ ခေါင်းရမ်း ပြလာသည် ။

" ဒါဆိုဘာလို့လဲ "

ဒီကောင်လေး ခေါင်းပဲ ခါပြတတ်တာလား လူကိုက တစ်ချက်မှပင် လှည့်မကြည့်လာ ။

" ကိုကိုတို့အရင်လို ပြန်နေလို့ရမလား "

" ဘယ်လို...လဲ "

" အရင်လို ကိုကို ဆိုပြီး ချွဲတတ်တဲ့ကောင်လေး ပြန်လာပေးပါ ဒီလို အေးစက်နေတာမျိုးကို ကိုကို မလိုချင်ဘူး "

" ဘယ်သူက ဒီလို ဖြစ်အောင် လုပ်ခဲ့တာလဲ "

" မရည်ရွယ်ခဲ့ဘူး မဟုတ်ဘူး ဒီလို ဖြစ်သွားမယ်လို့ ကိုကို မထင်ခဲ့ဘူး "

". ........."

.

လျှော်ပြီးသား အဝတ်အစားတွေကို တစ်ပွေ့တစ်ပိုက်ကြီး မ လာကာ မီးပူတိုက်စင် ဘေးက ခုံတွင် ချလိုက်သည်။နှစ်ယောက်ဝတ်ထားသောတစ်ပတ်စာ အဝတ်တွေမို့ အဝတ်တွေက များသည်။အသန့်ကြိုက် ကိုယ်တော်ချောက တစ်နေ့ရေသုံးခါလောက်ချိုးပြီး အဝတ်သုံးခါလောက်လဲနေတာမို့ အဝတ်များ​နေတာကလည်း မဆန်းပေ။

" မောင် မီးပူတိုက်မို့လား "

" အင်း "

" အများကြီးပဲ မောင် ညောင်းနေတော့မှာပဲ နောက်နေ့က စပြီး ငါ လျှော့ဝတ်မယ်နော် "

" အဟင်း မောင့်ကလေးငယ်လေးက သိတတ်လိုက်တာ အဲ့ဒါကြောင့် မောင်က သေမတတ်ချစ်နေရတာ "

" အဲ့လိုတွေ မပြောပါနဲ့ဆို "

" ပြောမှာပဲကွာ "

" ဟွန့် လူဆိုးကောင် "

" ကလင် ကလင် ကလင် "

ထမြည်လာသော ဖုန်းကို ကြည့်လိုက်တော့ ဆေးကျောင်းတုန်းက သူငယ်ချင်း " ဝဠာထိုက် " ။

မောင့်စေတနာရုံ (မောင့်စေတနာရုံ)Where stories live. Discover now