Part 2

993 22 5
                                    

Unicode

"အန်တီထား အဲဒါကဘာလုပ်မလို့လဲ "

တစ်ခါမှ မလာသဖူး ကုမ္ပဏီကိုလိုက်လာခဲ့တဲ့ အန်တီထားကြောင့် အံဩနေမိရင်းက မသင်ကာလို့နောက်က လိုက်ကြည့်ရာ ဒယ်ဒီရဲ့ လက်မှတ်နဲ့ ပိုက်ဆံတွေထုတ်နေတာ တွေ့ရတော့ ခွန်းမေးလိုက်ခြင်းဖြစ်သည်။

"ခွန်း "

ခွန်းကိုမြင်တော့ အန်တီထား မျက်နှာပျက်သွားပြီး ဆက်မလုပ်ပဲ ခွန်းကို ကြည့်တဲ့အကြည့်ကို ပြန်တင်းလိုက်သည်။

"ဘာလို့လဲ ငါငွေအသုံးလိုလို့ထုတ်တာလေ "

"အန်တီထား အခုချိန်မှာ ကုမ္ပဏီတစ်ခုလုံး ဒုက္ခရောက်နေတာလေ ဒယ်ဒီလက်မှတ်ကိုအခုလိုအလွဲသုံးစားမလုပ်ပါနဲ့ "

"ငါနားလည်တယ် ဒါပေမဲ့ မင်းဒယ်ဒီဆိုတာလဲငါ့ရဲ့ယောကျ်ားပဲ သူ့ပစ္စည်းကငါ့ပစ္စည်းပဲပေါ့ "

"အဲဒါဆို ဒယ်ဒီဆီကို တောင်းလေ "

"မင်းဒယ်ဒီလို ဒုက္ခိတ တစ်ယောက်ဆီက ငါကလက်ဝါးဖြန့်တောင်းနေရမှာလား "

"အန်တီထား "

သူ့ဒယ်ဒီကို ဒုက္ခိတဆိုပြီး သုံးလိုက်တဲ့အတွက် ခွန်းဒေါသထွက်သွားသည်။ ထိုသို့ပြောသူမှာ အန်တီထားဖြစ်နေ၍ ခွန်းပိုပြီး စိတ်ပျက်မိတာ ။ တကယ်ဆိုရင် ဒီလိုအချိန်မှာ ဒယ်ဒီ့ကိုပြုစုနေရမယ့်အချိန် ။ မပြုစုရင်တောင်မှ အခုလိုမပြောသင့် ။ ပြီးတော့ နောက်လူလဲ မရှာသင့်ဘူးလေ ။

မနေ့ညက ကိစ္စကိုတွေးမိသွားပြီး ခွန်းဒေါသထွက်သွားတယ်ဆိုရင်လဲမှန်သည်။

"အခု ဘာလုပ်ဖို့လဲ ဟိုတလောကမှ သိန်းနှစ်ရာ ယူသွားတာမဟုတ်လား "

ခွန်းစကားကြောင့် သူမ မျက်နှာ ထပ်ပျက်သွားရသည်။ ဒီကိစ္စကို ခွန်းမသိဘူးထင်ထားခဲ့တာ ဘယ်လိုများသိသွားသလဲဆိုပြီး သူမထိတ်လန့်သွားသည်။

"ငါ့ဆိုင်အတွက် အရင်းအနီးလိုနေလို့ ထည့်လိုက်တာ "

"ဆိုင် ဘာဆိုင်လဲ ငွေစင်သွန်းဆိုတဲ့ကော်ဖီဆိုင်လား အဲဒီဆိုင်က ရောင်းပြီးသွားပြီမဟုတ်ဘူးလား "

You've reached the end of published parts.

⏰ Last updated: Jul 23, 2021 ⏰

Add this story to your Library to get notified about new parts!

သခင့်ရဲ့ အရုပ်Where stories live. Discover now