Part 1

2.3K 30 1
                                    

Unicode

တဖြည်းဖြည်း ညို့တတ်လာတဲ့မိုးသားတို့က ကောင်းကင်တခွင်လုံးကိုပြည့်ကာ အုံ့မှိုင်း လို့လာသည်။

လေယူရာ ယိမ်းလာတဲ့သစ်ကိုင်းတွေကိုကြည့်ရင်း ကသုတ်ကယက်နဲ့ ပြေးလာတဲ့ ခွန်းဆင့်ပိုင်တစ်ယောက် ရွာမလိုပြင်နေတဲ့မိုးမမိရန် လာခဲ့ပေမဲ့ ဘယ်အညှိုးကြောင့်မှန်းမသိ မိုးစက်တွေ ကျဆင်းလို့လာတော့သည်။

"ဟာ ဒီမိုးကလဲအရေးထဲ "

တနေ့လုံး အလုပ်ရှာရာ၌ အလုပ်ကမရတော့ တကိုယ်လုံးလဲ ညောင်းကိုက်နေပြီဖြစ်သည်။ကားမှတ်တိုင်ကလဲ လိုနေသေးသည်မို့ ပင်ပမ်းတာကိုအသာထား ပြေးလို့လာခဲ့ပေမဲ့ အချည်းနှီးသားဖြစ်ခဲ့ပြီး ခဏအတွင်းမှာ တကိုယ်လုံး မိုးရေတွေ စိုရွှဲလို့သွားသည်။

အလုပ်ဖိုင်အိတ်ကိုခေါင်းပေါ်တင်ပြီး ခိုနားရာ ကားမှတ်တိုင်ဆီသို့ပြေးလာခဲ့သည်။

"ဟူး ဒီမိုးကလဲ အဖျက်ပဲ "

"ဘယ်ကအဖျက်ကမှာလဲ ဒီအချိန်က စိုက်ပျိုးရေးလုပ်ကိုင်နေသူတွေ မိုးလိုနေတာ ကောင်းသောမိုးပါ "

သူ့ရဲ့စကားကို ချေပကာပြောလိုက်တဲ့ သူ့ကို ခွန်းကြည့်လိုက်သည်။ ဘယ်သူမှ မရှိဘူးထင်ထားပေမဲ့ သူ့ကိုတွေ့လိုက်တော့ အံဩသွားသည်။ သို့ပေမဲ့ ခွန်းဘာမှ ပြန်မပြောပဲ ကိုယ်ပေါ်က မိုးရေတွေကို ညှစ်ကာ ရေတွေသုတ်နေသည်။

"ရော့ "

သူ့ထံလှမ်းပေးလိုက်တဲ့ ပုဝါကို ခွန်းကြည့်နေပေမဲ့ မယူမိ ။

"မင်းကိုအများကြီးတော့မကူညီနိုင်ဘူး ဒါပေမဲ့ မျက်နှာပေါ်က ရေနဲ့ခေါင်းကရေတွေကိုသော ပြောင်သွားအောင် ဒါကလုပ်ပေးနိုင်တယ် ကားလာရင်ကားစီးရအုံးမှာနဲ့ ကြာအုံးမှာ မဟုတ်ရင် မင်းနေမကောင်းဖြစ်လိမ့်မယ် "

ထိုသို့သူပြောနေပေမဲ့ ခွန်း မယူသေးပေ ။ ဘာကြောင့်မယူလဲဆို ခွန်း လူတွေကို မယုံလို့ပါ ။ ဘာကြောင့်မှန်းမသိ သူနဲ့မသိပဲ အကူအညီတွေပေးနေတဲ့ သူ့ကို ခွန်း မယုံကြည်ပါ ။

"ယူပါဆိုကွာ "

"ဟာ ခင်​ဗျား ဘာလုပ်တာလဲ "

သခင့်ရဲ့ အရုပ်Where stories live. Discover now