one

5.1K 334 9
                                    

Unicode

" ယားတယ်လို့ မလုပ်နဲ့တော့ "

" ယားပါတယ်ဆိုနေ "

" မလုပ်နဲ့တော့ ယားပါတယ်ဆိုနေမှ.... အာ.. "

အိပ်နေတုန်း နားထဲကိုငှက်မွှေးအသေးလေးနဲ့ လာပြီး‌တို့နေတဲ့ ချစ်ရသူလေးကို ပွစိပွစိပြောရင်း
မျက်လုံးဖွင့်လိုက်သော်လည်း

" အိမ်မက်ပဲ  "

မျက်နှာကို လက်ဝါးတစ်ဖက်နဲ့ ဆွဲပွတ်ကာ စိတ်ပျက်လက်ပျက် ငုတ်တုတ်ထထိုင်လိုက်သည်။

မနက်နိုးတိုင်း ငါးမိနစ်လောက်ငုတ်တုတ်ကြီးထိုင်နေတတ်တာက အကျင့်ပေမဲ့
ဒီတစ်ခါတော့ အသည်းကွဲမှုလေးနည်းနည်းပါမည်  ။

" လမ်းခွဲလိုက်တာပဲ တစ်နှစ်ရှိနေပြီကို "

နွေရာသီကျောင်းပိတ်ရက်တွေကိုသူမုန်းတတ်လာသည် ။ နွေဦးနဲ့တူတဲ့ကောင်လေးကိုတော့သူသိပ်လွမ်းပါသည် ။

နောက်တစ်ပါတ်ဆိုရင်တော့ တက္ကသိုလ်ကျောင်းသားဖြစ်ပြီ ။ နောက်ဆုံးနှစ်ပေါ့ ။
Figure Skating လုပ်တုန်းက ရုတ်တရက်ကြီး တစ်နှစ်အောက်လိုက်ရတာကြောင့် အတန်းထဲမှာရွယ်တူသူငယ်ချင်းမရှိပဲ ကလေးခေါင်းဆောင်ပဲလုပ်ခဲ့ရတာ အထက်တန်းပထမနှစ်ကစလို့ပဲ ။

သူ့ကလေးနဲ့က ဘယ်နှစ်ကစပြီး အခန်းတူတာပါလိမ့် ?  အဲ့ဒီ ပထမနှစ်ထင်တယ် အခန်းအရွှေ့အပြောင်းတွေကြောင့် ရောက်လာတာ ။

" တော်လိုက်ပါတော့ ဟိုကဖြင့်မင်းကိုပစ်သွားပြီပဲကို "

ကိုယ့်ဘာသာသက်ပြင်းချပြီး ဆံပင်တွေဆွဲဖွလိုက်သည် ။ ပြီးတော့ အိပ်ယာထဲပြန်ဝင်ရသည် ။

ဘေးနားမှာ သူ့ရင်ခွင်ထဲတိုးဝင်အိပ်မယ့်သူလေးမရှိတော့တာကို အတော်ဝမ်းနည်းနေပါသေးသည် ။

~||~

" ဆောင်းဟွန်းဟျောင်း "

ကျောင်းစဖွင့်တဲ့ရက် လှမ်းခေါ်တဲ့သူက
ထင်ထားတဲ့သူမဟုတ်လို့မျက်နှာကြီးကကွက်ကနဲ  ။ စိတ္တဗေဒ ယူထားတာတူတဲ့ အထက်တန်းကတည်းက အတန်းဖော်ကလေးလေးဂျောင်ဝန်း ။

" ဂျောင်ဝန်းနီး hi "

" မျက်နှာကဘာလည်း ဆောနူဟျောင်းမဟုတ်လို့လား ? သိသာလိုက်တာ "

The Remix of You&Me [SUNSUN]✔️Where stories live. Discover now