Unicode
နှစ်လလောက်ရှိပြီ ။ ပုံမှန်လိုပြန်နေကြမယ်ဆိုလို့
ပြန်နေကြပေမယ့် အချင်းချင်းက တစ်ခါတစ်လေဆို
တောင့်တောင့်တင်းတင်းခံစားချက်ကြီး ။စကားကလည်းထင်သလောက်မပြောရဲတော့ဘူး ။
အဲ့လောက်ထိကိုအခြေအနေကကွာဟနေတာလား ။
ကလေးကသူ့အပေါ်တအား စကားနည်းပြီး တစ်ခုခုဆို
တည်တည်သာပြောတတ်သည် ။အသည်းကွဲတာက ပုံမှန်လိုပြန်နေရင်သက်သာလောက်မယ်ထင်ထားလည်း ဒီအခြေအနေကသူ့ကိုတစ်ခါတစ်လေမှာပိုတောင်နာကျင်စေသလို ။
နေ့လည်စာတူတူစားတဲ့အချိန်တွေ စာအုပ်ဆိုင်တူတူသွားတဲ့အချိန်တွေမှာတော့အရင်အတိုင်းပြန်ဖြစ်ပါရဲ့
အဲ့နေရာတွေကတော့ ဟိုးကတည်းက အမြဲဆုံနေကြနေရာတွေမို့နေမယ် ။
မိုးအေးအေးလေးမှာ ကော်ဖီတစ်ခွက်နဲ့ပြတင်းပေါက်မှန်ကိုငေးနေတုန်း ဖုန်းထဲကိုစာတစ်စောင်ဝင်လာတယ် ။
" ဘာလုပ်နေလည်း ဒီနေ့ မိုးအေးတယ်နော် " တဲ့
သေချာပေါက်သူ့ကလေးပေါ့ ။ တကယ်ကိုရည်းစား
မဖြစ်ခင်တုန်းကအချိန်တွေလိုမျိုး ပဲ အခုလည်း ။" အင်း နွေးနွေးထွေးထွေးနေရဲ့လား ကလေး "
" ခေါက်ဆွဲပြုတ်စားနေတယ် ။ ပြီးရင်လုပ်စရာမရှိလို့ အားရင် ကျွန်တော်တို့ဖုန်းပြောကြမလား "
" ကိုယ်ကတော့ အားပါတယ် ။ စာလုပ်စရာလည်းမရှိဘူး ပျင်းရင်ဖုန်းခေါ်လေ "
" ဟုတ်ကဲ့ အဲ့တာဆို ဆယ့်ငါးမိနစ်လောက်နေရင် ဖုန်းခေါ်လိုက်မယ်နော် "
Offline ဖြစ်သွားတဲ့ account လေးကိုကြည့်ပြီးသူပြုံးလိုက်သည် ။
ကလေးကတော့ ဒီအခြေအနေနဲ့အဆင်ပြေနေပုံရတယ် ။ သူပဲ ကသိကအောက်ဖြစ်နေမိတာနေမှာပါ ။
ခဏနေဖုန်းဝင်လာတော့ ကိုင်လိုက်တာနဲ့ အသံချိုချိုလေးကိုချက်ချင်းမကြားရ
" တကယ် ဖုန်းပြောလို့ရလို့လား "
"ရတာပေါ့ "