② ᴍʏ ʟɪᴛᴛʟᴇ ᴘʟᴀɴᴇ [ғᴏʀ ᴜɴɪᴄᴏᴅᴇ]

2.4K 186 16
                                    

ကောင်းကင်နဲ့လေထုကြီးကဆက်စပ်နေတယ်အဲ့ဒါနဲ့အတူပဲလေထုနဲ့လူသားတွေနဲ့ကလည်းဆက်စပ်နေပြန်တယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကောင်းကင်နဲ့လေထုကြီးကဆက်စပ်နေတယ်
အဲ့ဒါနဲ့အတူပဲလေထုနဲ့လူသားတွေနဲ့ကလည်းဆက်စပ်နေပြန်တယ်

ကျွန်တော်ငယ်ငယ်ကငှက်ကလေးတစ်ကောင်လိုအတောင်ပံတွေပေါက်လာရင်ကောင်းမှာလို့ကျွန်တော့်ကိုထိန်းကျောင်းပေးတဲ့နာနီကြီးကိုခဏခဏပြောဖူးခဲ့တယ် မှန်တာပေါ့ ကျွန်တော်ကငှက်ကလေးတစ်ကောင်သိပ်ဖြစ်ချင်ခဲ့တာ
ဒါပေမယ့်နာနီအမြဲပြန်ပြောတဲ့စကားကရိုးရှင်းပါတယ်
မင်းငှက်ကလေးမဖြစ်နိုင်ဘူးလေဆိုတဲ့စကားအစား
ပျံသန်းခြင်းဟာအတောင်တွေပါမှရတာမဟုတ်ဘူးတဲ့လား

ဒါဟာကလေးတစ်ယောက်ရဲ့မျှော်လင့်ချက်ကိုရိုက်ချိုးမပစ်ဘဲတစ်ခြားသောအရာတွေကိုပါတွေးခေါ်နိုင်အောင်လမ်းအများကြီးဖွင့်ပေးနိုင်တဲ့စကားတစ်ခွန်းဖြစ်နေခဲ့တာ...

ကျွန်တော်ထိုအရွယ်တုန်းကနာနီကြီးရဲ့စကားဟာဘာကိုရည်ညွှန်းလဲဆိုတာသေချာမသိခဲ့ရိုးအမှန်ပါ
ကျွန်တော်ကျောင်းစတက်တဲ့အရွယ်ရောက်တော့နာနီ့ရဲ့လက်ကိုဆွဲကာကျောင်းသွားခြင်းပထမဆုံးနေ့ကိုစတင်ခဲ့တယ်
တစ်ဦးတည်းသောအမေဟာကျွန်တော့်ကိုလက်ဆွဲကာကျောင်းလိုက်အပ်မပေးနိုင်ခြင်းအတွက်ကျွန်တော်သိမ်ငယ်စိတ်မဝင်ခဲ့မိပါ
ကျွန်တော်ဒီလိုနေနိုင်အောင်ကျွန်တော့်အမေကကြိုးစားပေးနေကြသည်ဟုနာနီကအမြဲသွန်သင်ဆုံးမပေးတယ်
အဲ့ဒါကြောင့်ပဲလားမသိ ကျွန်တော်ဟာ လိမ္မာတဲ့ကလေးတစ်ယောက်မဟုတ်သည့်တိုင် ကလေးဆိုးတစ်ယောက်တော့မဖြစ်ခဲ့...

ကျွန်တော်ခြောက်နှစ်သားလောက်ရောက်တဲ့အခါမှာတော့စူပါဟီးရိုးဇာတ်ကားတွေကိုစတင်နှစ်သက်တတ်လာပြီ
ကိုယ့်ကိုကိုယ်ပါဝါရိန်းဂျားအနက်ကောင်ဟုအမြဲသတ်မှတ်ထားတတ်သောကျွန်တော်သည်နာနီပြောသောစကားကိုနားလည်လာပြီဟုသတ်မှတ်လိုက်တော့သည်
တစ်ကယ်လည်းအဲ့ဒီလိုစူပါဟီးရိုးဇာတ်ကားတွေထဲကဇာတ်လိုက်တွေကလေထုကြီးထဲပျံတက်နိုင်ဖို့အတောင်ပံဆိုတာတွေမှမလိုခဲ့တာ
ကျွန်တော်လည်းတစ်နေ့ကျရင်ပါဝါရိန်းဂျားတစ်ကောင်ဖြစ်အောင်ကြိုးစားနိုင်ရမယ်လို့ကြွေးကြော်ဖြစ်ခဲ့တယ်
ကျွန်တော်ဟာအဲ့ဒီအချိန်တုန်းကကိုယ့်အတွေးလေးနဲ့ကိုယ်ပျော်ရွှင်နေခဲ့တယ်လေ

V'S HOPE || ᴏɴᴇ sʜᴏᴛs ||Where stories live. Discover now