①① 3ᴀᴍ sᴛʀᴀɴɢᴇʀs [ғᴏʀ ᴜɴɪᴄᴏᴅᴇ]

1.8K 170 39
                                    

အချစ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အချစ် ... အဲ့ဒီအရာကလူကိုစုံလုံးကန်းစေသတဲ့လေ
ထူးဆန်းလိုက်တာ အဲ့ဒါတစ်ကယ်မှန်တာပဲ
လူတစ်ယောက်ကိုချစ်မိသွားရင် စုံလုံးကန်းရုံတင်မကဘူး
အရာအားလုံးကိုစွန့်လွှတ်ပစ်လိုက်ချင်ပြီး ရူးခါသွားတော့တာပဲ

﹏﹏﹏﹏﹏ 3ᴀᴍ sᴛʀᴀɴɢᴇʀs﹏﹏﹏﹏﹏

တိတ်ဆိတ်ကာအနည်းငယ်မှောင်နေသောအခန်း ...
ပြတင်းပေါက်ဆီကလိုက်ကာဖြူဖြူလေးများလှုပ်လီလှုပ်လဲ့
ဆောင်းတွင်းကာလမို့လေအေးများကအခန်းတွင်းသို့ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ကာ စိတ်ကြိုက်လှည့်လည်နေကြသည် ။
လူမရှိသောခုတင်ဖြူဖြူကြီးပေါ်မှာတော့ တွန့်ကြေနေသောစောင်တစ်ထည်ကအဖော်မဲ့စွာ ...
တိတ်တဆိတ်ပတ်ဝန်းကျင်မှာ လရောင်အနည်းငယ်ဖြာကျနေပြီး နာရီသံတစ်ချက်ချက်ကသာကြီးစိုးထားသည် ။

နာရီကိုတစ်ချက်လှမ်းကြည့်တော့ ညဆယ့်နှစ်နာရီထိုးရန်ဆယ်မိနစ်လောက်လိုသေးသည် ။

ထိုစဉ်ထမြည်လာသောဖုန်းသံကြောင့် ခုတင်ဘေးကကြမ်းပြင်မှာထိုင်နေသောသူ့ကိုယ်လုံးလေးတုန်တက်သွားသည် ။
မှောင်မည်းမည်းပတ်ဝန်းကျင်ဟာဖုန်းမီးလေးကြောင့်အနည်းငယ်လင်းသွားတာကြောင့် စားပွဲပေါ်ကဖုန်းကိုလှမ်းယူတော့ တစ်ဖက်ကခေါ်ဆိုသူဟာ "အချစ်ဆုံး" တဲ့လေ

အေးစက်စက်ဖြစ်နေသောပတ်ဝန်းကျင်ကြောင့်ခုတင်ဘေးကိုကပ်ကာထိုင်လိုက်ရင်းဖုန်းကိုင်တော့ သူ့ရင်ဟာအလိုလိုနွေးထွေးလာ၏

"အဆင်သင့်ဖြစ်ပြီလား Seok ah "

တစ်ဖက်လူဆီကထွက်လာသောစိုးရိမ်တကြီးအသံလေးကြောင့် သူ့နှုတ်ခမ်းတို့တွန့်တယ်ဆိုရုံပြုံးလိုက်ခြင်းကိုသူကိုယ်‌တိုင်တောင်သတိမထားမိလိုက်

V'S HOPE || ᴏɴᴇ sʜᴏᴛs ||Where stories live. Discover now