Divorce Contract

2.3K 142 18
                                    

(Unicode)

​​​အေးစိမ့်လွန်းတဲ့ ​ဆောင်းရာသီ အ​အေးဒဏ်​ကြောင့် ​အနွေးထည်အထပ်ထပ်ဝတ်ထား​ပေမဲ့ ချမ်း​စိမ့်​နေ​သေးသည်။

ကြည့်ရတာ ရာသီဥတု​ကြောင့်မဟုတ်ဘူးထင်တယ်။ ကျွန်​တော့်​​ဘေးနားက​သူ့အပိုင်နေရာ​လေးလစ်ဟာ သွားလို့‌ေနမယ်။

အ​ရှေ့မှာချထားတဲ့ ​ကော်ဖီခွက်က​တော့ အ​ထီးကျန်မ​​နေ။ သူ့​ဘေးက ပိုင်ရှင်မဲ့ ​ကော်ဖီခွက်​လေးက အ​ဖော်လုပ်​ပေး​နေတယ်​​လေ။

တိန် 📩

ဖုန်းကMessage၀င်လာသံကြောင့် ပြတင်းပေါက်ကို ကြည့်နေရာက ဖုန်းစီအကြည့်လှမ်းမိသည်။

ဖုန်းကိုဖွင့် ဖွင့်ခြင်း wallpaperက ပြုံးကာပျော်ရွှင်နေတဲ့ ကောင်လေးနှစ်ယောက်ကို ဘေးနားမှာ ချထားတဲ့ ကွားရှင်းစာချုပ်က လောင်ပြောင်နေသယောင်။

တကယ်ပါ။
တသက်လုံးလို့ထင်ထားခဲ့တာ နောက်ဆုံးတော့လည်း ဒီလို ဇာတ်သိမ်းတာလား။

သူကောင်လေးကိုတစ်ကယ်ချစ်တာပါ။ထိုနည်း လည်းကောင်းဘဲကောင်လေးလည်း သူ့ကိုချစ်တာဘဲလေ။

ကျလုဆဲမျက်ရည်ကို လက်မနဲ့အသာသုတ်လိုက်ပြီး ရောက်လာတဲ့ messageကိုဖွင့်ကြည့်လိုက်တော့ နမ်ဂျွန်းဆီက

-->✉️ ယွန်းဂီ ငါ cafeနားရောက်နေပြီ ခဏစောင့်နော်<--

နမ်ဂျွန်းဆီက စာကိုရပြီး 'အင်း' တစ်လုံးသာပို့၍ cafeရဲ့အပြင်ဘက်​လေးကိုပြန်​ငေး​နေလိုက်သည်။

အေးလို့ထင်ပါရဲ့ အတွဲတွေကတစ်ယောက်နဲ့တစ်ယောက် ပူးပူးကပ်ကပ်နှင့်။ဒါအအေးဒဏ်ကို ‌အကြောင်းပြပြီး သက်သက်roတာဆိုပြီး မျက်စောင်းထိုးသွားတဲ့ တကိုယ်တော်သမားများလည်းရှိသေးသည်။

တစ်ချက်ရယ်လိုက်မိသေးသည်။ ကျွန်တော်တို့ကိုလည်း ဒီလိုမျက်စောင်းထိုးခဲ့မှာဘဲလေ။စိတ်ထဲမှာလည်းအချိန်တန်ပျက်မှာဘဲလို့တွေးနေလားမသိ။

တကယ်ဆို အဲ့ဒီကွာရှင်းစာချုပ်လေးက တစ်ချိန်တုန်းက လက်ထပ်စာချုပ်လေးဖြစ်ခဲ့တာဘဲလေ

"မင်းနဲ့ အတူရှိခဲ့တဲ့ အချိန်တွေကမြန်ဆန်လွန်းတယ်လေ ဒီထက်ကြာကြာရှိချင်သေးတာ"

SympathyWhere stories live. Discover now