War

496 70 27
                                    

(Unicode)

အဆက်မပြတ် တီး​နေတဲ့Bellသံ​ကြောင့်​ရော Minထသွားတာ​ကြောင့်​ရော လူကအိပ်လို့မရ​တော့။

အိပ်လို့မရ​တော့မဲ့အတူတူ ​အောက်ဆင်းပြီး ဘယ်သူလာလဲဆိုတဲ့ စပ်စုချင်စိတ်ကို ထိန်းလို့မရ။

​အောက်​ရောက်​တော့ မြင်လိုက်ရတဲ့မြင်ကွင်း​ကြောင့် မရှိတဲ့ ​သွေး​တိုး​တောင် ​ဆောင့်တက်ချင်သွားသည်။

အ​ကြောင်းအရင်းက​တော့ ကျွန်​တော်ပိုင်တဲ့Minကို ပိုင်စိုးပိုင်နင်း ဖက်ထားတဲ့ ဟန်ဆိုရာ။

ကျွန်​တော် သူမကိုသိ​​နေရတဲ့ အ​ကြောင်းအရင်းက တစ်ချိန်က Minနဲ့ တွဲ​နေပါတယ်ဆိုပြီး Announcer​လောကမှာသတင်းထွက်သွားတဲ့ သတင်း​ထောက်မ​လေးဟန်ဆိုရာ။

အဲ့တာအပြင် မင်္ဂလာပွဲအထိလာပြီး 'အချိန်အတိုင်းတာတစ်ခု​လောက်အထိဘဲ Minနဲ့ကျွန်​တော်ကတည်မြဲမှာပါ' ဆိုပြီး ​ပြောသွားသူ။

"ကျွန်​တော် ခွင့်ပြုမိလိုက်လို့လား"

ကျွန်​တော့်အသံကြား​တော့ ဟန်ဆိုရာက Minကို ဖက်ထားရာမှ လွတ်ကာ ကျွန်​တော့ဘက်လှည့်လာသည်။

"ဒါမှမဟုတ် ကျွန်​တော့်စီက ခွင့်ပြုချက်​တောင်းလိုက်လား Minကို ဖက််ဖို့ တကယ်လို့ ခင်ဗျား ခွင့်ပြုချက်​တောင်းရင်​တောင် ကျွန်​တော်ခွင့်ပြုစရာအ​ကြောင်းမရှိဘူး​လေ ကျွန်​တော်ပိုင်တဲ့သူ ကျွန်​တော်ပိုင်တဲ့ရင်ခွင်မို့လို့ တခြားဘယ်သူမှ ခိုနားပိုင်ခွင့်မရှိဘူး"

"အို ဒီလိုသာဆို ယွန်းဂီက ဘယ်သူ့ကိုမှ မထိ​မ​တွေ့ဘဲ ​နေရမှာလား"

"ကျွန်က​​ကော Minကို ထိပိုင်ခွင့် မရှိဘူးလို့ ​ပြော​နေလို့လား "

ဂျီမင်းနဲ့ ဆိုရာ​ကြား ယွန်းဂီ ​ခေါင်းကိုက်မိသည်။

ဒီပုံစံတိုင်းဆို နှစ်​ယောက်က ထသတ်​တော့
မည့်အတိုင်းပင်။ တစ်​ယောက်နဲ့ တစ်​ယောက်ကြည့်နေကြသည်မှာ ရာစုနှစ်များစွား မ​ကြေခဲ့တဲ့ ကမ္ဘာရန်သူ​တွေအတိုင်းပင်။

"အာ ငယ် နိုးလာတာလား "

ငယ်နားသွားပြီး ကြားထားက​နေ စကားလမ်း​ကြောင်းလွဲကာ ​ထလောင်​တော့မဲ့ မီးစကို ကြိုငြိမ်းမိသည်။

SympathyWhere stories live. Discover now