~ ၂ ~

125 23 3
                                    

Unicode

မကောင်းဆိုးဝါးတမျှ ခန့်ညား​ချောမောသူ

ယခုအချိန်က မိုက်မိုက်ကန်းကန်းပြုမူနေရမည့် အချိန်မဟုတ်ပေ။ ဖုန့်ယွီဟန် ဘယ်တော့မှ ယုံကြည်ချက်လွန်ကဲခြင်းမျိုး မရှိပေ။ အထူးသဖြင့် ဒီကမ္ဘာမှာ သူမတစ်ယောက်ထဲရောက်နေသည့်အခါမျိုးတွင် ဖြစ်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့မှတ်ဉာဏ်များမှတစ်ပါး သူမ ဘာမှ မသိသေးပေ။ ဒါ့အပြင် သူမက အသက် ၁၂နှစ်အရွယ် ကလေးမလေးသာ ဖြစ်နေသေးပြီး ပိန်ပါးသည့် ခန္ဓာကိုယ်နှင့် သေးကွေးသည့်လက်၊ ပါးလျသည့်ခြေထောက်တို့သာ ရှိပေသည်။ အရွယ်ရောက်ပြီးသားလူနှစ်​ယောက်ကို သွားနဲ့ကိုက်၊ လက်သည်းနဲ့ကုတ်ပစ်ရလောက်အောင်တော့ သူမ ရူးမနေသေးပေ။

သူမကိုယ်သူမ ပုန်းကွယ်နေလိုက်ပြီး အနှီကျက်သတုံးစုံတွဲက အလောင်းပုံကြီးရှိရာသို့ သွားနေသည်ကို ကြည့်နေလိုက်သည်။ ဖုန့်ယွီဟန် ထိုနှစ်ဦးကို ဂရုတစိုက် ကြည့်နေပြီး ထိုသူတို့၏အမည်နာမတို့ကို သေချာသိဖို့ရာ တွေးတောလိုက်ချေ၏။ သူတို့က တကယ့်ကိုပင် ဝမ်ရှုကန်နှင့် သူ့ရဲ့ ဆိုးဝါးလှသော ဇနီးသည် ရှုရှီ ဖြစ်လေသည်။

သူတို့က အလောင်းပုံကြီးကို သေချာကြည့်လိုက်တော့ သူတို့၏ ကုန်ပစ္စည်းမှာ ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရ၏။

ရှုရှီက စိုးရိမ်စွာ ပြောလာ၏။

"ဒါ အမှန်မဖြစ်နိုင်ဘူး။အဲ့ကလေးမရဲ့ ခန္ဓာကိုယ်ကို ဒီမှာထားခဲ့တာ သေချာတယ်! သူ ဘယ်ရောက်သွားတာလဲ"

ဝမ်ရှုကန်က ခြေသံပြင်းပြင်းလျှောက်လာကာ...

"သူ လွတ်သွားတာတော့မဟုတ်ဘူးမလား"

"မဖြစ်နိုင်တာ...သူ့ကိုတိုက်ထားတဲ့ဆေးအာနိသင်က နှစ်ရက်နဲ့ နှစ်ညအိပ်ပျော်ဖို့အတွက် လုံလောက်နေပြီးသား။ ဘယ်လိုလုပ် သူက တစ်ညထဲနဲ့ နိုးလာနိုင်မှာတဲ့လဲ"

ဝမ်ရှုကန် ဒေါသထွက်လာပြီး...

"ဒါဆို မင်းပြောလေ...အဲ့ကလေးမက ဘယ်ရောက်သွားတာတုန်း"

ရှုရှီက စိတ်အနှောက်အယှက် ဖြစ်လို့လာကာ...

"ကျွန်မကို အော်လိုက်လို့ရော ဘာကောင်းတာဖြစ်လာမှာတဲ့လဲ။ သူ သတိလစ်သွားတော့ ကျွန်မတို့နှစ်ယောက်လုံး အိပ်ဆေးပြားတွေ သေချာတိုက်လိုက်တာပဲ။ ကျွန်မတို့နှစ်ယောက်လုံး လုပ်ခဲ့ပါတဲ့ဟာကို ရှင်က ဘာလို့ ကျွန်မကိုပဲ လုံးဝအပြစ်ပုံချနေရတာလဲ"

Shen Yi Di Nu | နတ်ဆေးသမားတော် မိန်းမပျို |နတ်ဆေးသမားတော် မိန်းမပျို |Where stories live. Discover now