Hold Me Never Let Me Go <Kaisoo>

3.5K 183 3
                                    

~~ဒီနေ့ည Kyung လူကြီးမင်းရဲ့အိမ်တော်မှာ သွေးပင်လယ်တွေဖြစ်ခဲ့ပြီ။ ထိုအိမ်တော်ရဲ့ အလယ်မှာ ရပ်နေကြတဲ့သူနှစ်ယောက် ~~

Soo: Kai Ya! ငါ့ကိုပါ သတ်သွားပါ။

~~မျက်ရည်တွေနဲ့ သူမကို သတ်ဖို့ပြောနေတဲ့ သူမကို ကျတော် ကြည့်နေမိတယ်။ သူမမျက်နှာမှာ ကျတော့်အပေါ် နာကျည်းမှုတွေပါလား မပါလား ကျတော် အကဲမခတ်နိုင်လောက်အောင် ကျတော့် မျက်ဝန်းတွေ မျက်ရည်များနဲ့ ပြည့်လျှံလာခဲ့တယ်~~

Soo: Kai.. ငါ နင့်ကိုမမုန်းပါဘူး။ ဒါငါတို့နှစ်ယောက်ရဲ့ ရှောင်လွဲလို့မရတဲ့ ကံကြမ္မာ ဖြစ်ပါလိမ့်မယ်။ တခုပါပဲ။ ငါ့မိသားစုတွေ အခု တယောက်မှ မရှိဘဲ ငါတယောက်ထဲ မနေနိုင်တော့ဘူး။ ဒါကြောင့် ငါ့ကိုပါ တခါတည်းသတ်သွားပါ။ နင်မဟုတ်တဲ့ တခြားသူရဲ့ ဇနီးဖြစ်ရတာထက် နင့်လက်ထဲမှာပဲ ငါသေသွားပါရစေ။

~~Soo စကားတွေ ကျတော် ဆက်နားမထောင်ရဲတော့ပါ။ ကျတော် သိပ် ချစ်ရတဲ့သူကို ကျတော့်လက်နဲ့ သတ်ပစ်ရမယ်တဲ့။ ဘယ်လိုလုပ် ကျတော်သတ်ရက်ပါ့မလဲ။ ဒီလို ကံကြမ္မာမှာ မွေးဖွားလာတဲ့ ကျတော့်ကို ကျတော်သာ အပြစ်တွေ တင်မိပါတယ်~~

××FlashBack××

~~ဘတ်ဂျယ်မှာ (ဟိဟိ ရာဇဝင်ဆိုတော့ ထည့်ချင်တဲ့ ခေတ်ထည့်မယ်ညော်) အရမ်း ကျော်ကြားတဲ့ ဆရာတယောက်ရှိတယ်။ သူကတော့ Kyung လူကြီးမင်း။ သူ့မှာ အရမ်းချောမောလှပတဲ့ သမီးလေးတယောက်ရှိတယ်။Kyung Sooတဲ့။ ~~

~~သူတို့လိုပဲ ဘတ်ဂျယ်မှာ နောက်ထပ်ကျော်ကြားတဲ့ အမတ်တယောက်ရှိတယ်။ သူ့က Kim လူကြီးမင်းဆိုတဲ့ တယောက်ပေါ့။ သူ့မှာ ဓားရေးရာမှာအရမ်းကျွမ်းကျင်တဲ့ သားတယောက်ရှိတယ် Kim Kai! ~~

~~Sooနဲ့ Kaiက ငယ်ငယ်လေးကတည်းက ခင်မင်နေကြတဲ့ သူငယ်ချင်းတွေပါ။ တယောက်အပေါ်တယောက် အမြဲ အလျော့ပေးဆက်ဆံလေ့ရှိတယ်။ အရွယ်ရောက်လာတော့ Sooကအရမ်းချောမောလှပလာခဲ့တယ်။ Sooကို မြင်တိုင်း Kai ရင်တွေခုန်ခဲ့ရတယ်~~

Kai: Soo!

Soo: အင်း ပြောလေ။

~~Sooက ပြုံးပြီး ပြန်ဖြေလိုက်တယ်။ သူမရဲ့အပြုံးလေးတွေက အရမ်းလှလွန်းလို့ အနားမှာရှိတဲ့ လိပ်ပြာလေးတွေတောင် အသက်ရှူမှားသွားနိုင်တယ်~~

One Shot CollectionsWhere stories live. Discover now