Never Gotta Hate You (Part_1)

2.8K 152 5
                                    

You Hurt Me ( So Bad ×2)

You Hurt Me ( So Bad ×2)

You have lived inside my head forever

But in my sight is nth but a transparent you & me

>>Yeobosaeyo<<

>>Baek လား<<

>> Nae ! <<

>>Yeol Oppa ပါ<<

>>Nae ! ardaryo. ဘာပြောမလ်ု့လဲဟင်<<

>>Baekကိုအကူအညီတောင်းစရာရှိလို့<<

>>အင်း .. ပြောလေ။ Baekကူညီနိုင်ရင် ကူညီပေးမယ်<<

>>တခြားမဟုတ်ပါဘူး။ Oppaကို ဘူဆန် သွားတဲ့ ကာလက်မှတ်လေး ဖြတ်ပေးလို့ရမလား။ Oppa မအားလ်ု့<<

>>ဘူဆန်?? ဘာသွားလုပ်မလို့လဲဟင်<<

>>Ah.. အဲ့ဒါကလေ.. ဟို Oppaရဲ့ ဒေါ်လေးကို သွားခေါ်မလို့<<

>>Ah. nae ! Ardasort! Baekသွားဖြတ်ပေးမယ်နော်။ ပြီးရင် ဘယ်ကိုလာပေးရမလဲ။ <<

>>ပန်းခြံကိုပဲလာခဲ့လေ<<

>>Nae Oppa<<

~~တီ~~

~~သူပြောချင်တာပြီးတာနဲ့ ချက်ချင်း Phချသွားတယ်~~

Baek: (sigh)

~~Baekချက်ချင်း လက်မှတ်သွားဖြတ်ဖို့ အဝတ်အစားလဲလိုက်ပြီး ချက်ချင်း အပြင်ထွက်လာခဲ့တယ်~~

~~Yeol Oppaအတွက်ဆို Byun Baekhyunဆိုတဲ့ ကောင်မလေးက ဘာမဆိုလုပ်ပေးမယ့်လူစားမျိုးပါ။ Park Chanyeol ! သူက Baekရဲ့ တချိန်က ချစ်ရတဲ့သူပေါ့။ တချိန်ကဆ်ုတော့ ခုရော မဟုတ်တော့ဘူးလား။ ခုလည်းဟုတ်ပါတယ်။ နောက်လည်း ဟုတ်မှာပါပဲ။ Park Chanyeol က Byun Baekhyunရဲ့ ထာဝရ အချစ်ရဆုံးသူပေါ့။ ဒါဆို Park Chanyeol Oppaကရော?? သူကတော့ အခု လက်ထပ်တော့မယ့် သတို့သားလောင်းတယောက်ပေါ့။

~~Baekအဲ့ဒီ့အကြောင်းတွေ တွေးမိတိုင်း ရင်ထဲမှာ မွန်းကျပ်လာတယ်။ ပေါက်ကွဲလာတယ်။ နာကျင်လာတယ်။ ဘာကြောင့်များ Oppa Baekကို စွန့်ခွာသွားရတာလဲ။ Baekခုထိ Oppaကို ချစ်နေမှန်း Oppaသိပေမယ့်လည်း ဘာကြောင့်များ ခုလိုလုပ်ရက်ခဲ့ရတာလဲ။ ဘာကြောင့် လက်ထပ်မယ့် မိန်းကလေးက Baekမဖြစ်ခဲ့ရတာလဲ။ Baekဒီအကြောင်းတွေ တွေးရင် ရူးမတတ်ပဲ~~

~~Oppaရဲ့စိတ် Oppaရဲ့ နှလုံးသားကို Baekမမှန်းဆတတ်ခဲ့ဘူး။ ခုချိန် သူ Baekကို ချစ်နေသေးရဲ့လား။ Baekအပေါ် ချစ်သေးရဲ့လား Baekဘယ်လိုမှ မှန်းလို့မရဘူး။ တကယ်သာချစ်နေသေးရင် ဒီလက်ထပ်ပွဲကို ငြင်းရမှာပေါ့။ သူ မငြင်းခဲ့ကတည်းက Baekကို မချစ်တော့မှန်း Baek သိသင့်နေပါပြီ။ အဲ့လို လူကို မမုန်းနိုင်သေးတာ Baek ရဲ့ ကြီးမားတဲ့ အားနည်းချက်တခုပါပဲ။~~

~~ခုလည်း ကြည့်လေ။ သူ့ကိုမမုန်းမိဘဲ သူခိုင်းတာတောင် အရေးတယူလုပ်ပေးမိနေတယ်။ ဒီအကျင့်ကို ဒီတသက်ပြင်နိုင်ပါတော့မလား။ Baekအတွက် သူက Baekဘဝကြီးလား။ Baekကိုဘာကြောင့် စိုးမိုးထားရတာလဲ။ Baekကို ဘာကြောင့်ချုပ်နှောင်ထားရတာလဲ။ တခြားတယောက်နဲ့ဆိုရင်လည်း Baekကို လွတ်လပ်ခွင့်ပေးလိုက်ပါတော့လား။ Baekကိုယ်တိုင်ကပဲ မလွတ်မြောက်ချငိတာလား။ ~~

@Park

>>ဟို Byun Baekhyunလားခဗျ<<

~~Baek သူနဲ့ချိန်းထားတဲ့နေရာလေးမှာ စောင့်နေရင်း ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ ကောင်လေးတယောက်။ Baekကိုမေးနေတာပဲ~~

Baek: Nae ! ကျမက Byun Baekhyunပါ။

Boy: Ah! ဒါဆို Park Chanyeol မှာခိုင်းလိုက်တဲ့ လက်မှတ်ပါမှာပေါ့နော်။

~~Baekကြောင်သွားတယ်။ Oppa လက်မှတ်ဖြတ်ခိုင်းတာ ဒီကောင်လေးက ဘယ်လိုသိတာလဲ။ ~~

Baek: Dugu ... saeyo...?

Boy: Ah nae ! ကျတော့်ကို Hyungက လွှတ်လိုက်တာပါ။ သူမလာနိုင်လို့ လက်မှတ်ယူခိုင်းလိုက်တာပါ။ မယုံရင် သူ့ကို Phဆက်မေးကြည့်လို့ရပါတယ်။

~~Baekမျက်ဝန်းတွေထဲမှာ မျက်ရည်များ ပြည့်လျှံလာတယ်။ ~~

Baek Pov': Baekက ဒီလောက်တောင် လုပ်ပေးနေတာကို သူက Baekကို ဒီလောက်ထိ ရက်စက်နိုင်တယ်လား။ Yeol Oppaရယ်။ Baek ... Baekမယုံကြည်နိုင်ဘူး.. Baekကို ဘယ်လိုလုပ် ... ဘယ်လိုလုပ်ပီး ဒီလိုလုပ်ရက်.. လုပ်ရက်ရတာလဲ။ ရှင်သိပ်ရက်စက်တာပဲ။

~~Baek လက်ထဲက ဖြတ်ပိုင်းလေးကို ကမ်းပေးလိုက်ပြီး ပြေးထွက်ခဲ့တယ်။ Baekရဲ့ ရင်ထဲမှာ နာကျင်စွာ အော်ဟစ်နေမိတယ်~~

>>Park Chanyeol!! ရှင့်ကို သိပ်မုန်းတယ်။ အရမ်းမုန်းတယ်။ သိပ်ကိုမုန်းတယ်<<

××To B Continue××

One Shot CollectionsWhere stories live. Discover now