Ep 18

255 49 6
                                    

Gun_အ့ ကျွန်တော်လက်ကို ခွန်လုပ်ချင်တိုင်း လုပ်ဖို့ ထားထားတယ်များထင်နေလား။

(Off က နောက်ပြန်ချုပ်ထားရာကနေ တည့်တည့် ပြန်လှည့်လိုက်လို့ပါ)

Off_မင်းအမက ဒီလောက်ထိတောင် စော်ကားခဲ့တာ။ငါက တကယ် off ဆိုရင် ဒါကို ငါက လက်ခံမယ်ထင်နေလား။အခုမင်းအမက ငါ့ဆီမှာလေ။

Gun_တွေ့လား ခွန်၀န်ခံနေတာလေ။ခွန် P'pan ကို လုပ်နေတာတွေက အကွက်ချပြီး လုပ်နေတာပဲ။

Off_ငါဘာတစ်ခုမှ ၀န်မခံရသေးဘူး။
ထင်ကြေးပဲပေးတာ။အခု ငါကမင်းပြောတဲ့ Off ပဲဆိုပါတော့ ငါ့ကို မင်းဘာလုပ်မှာလဲ။

Gun_ကျွန်တော် P'off ကိုပြောမယ် ဘယ်သူ့ကိုမှ နာကျင်အောင်မလုပ်ဖို့(မျက်လုံးလေးတည့်တည့်စိုက်ကြည့်ပြီး ပြောတာပါ🥺)

Off_မင်း သိတာက ပုံမှန်ဒီလိုပဲ။သူတို့တွေ ဘယ်လို သူ့အပေါ်လုပ်ခဲ့ကြလဲ။

Gun_ဟုတ်တယ်အားလုံးက P'off သေပြီလို့တွေးကြမှာပဲ ဒါပေမဲ့သူအသက်ရှင်နေသေးရင် သူနောက်တစ်ကြိမ်မွေးဖွားလာတာပဲ။
ဘ၀သစ်ရခဲ့တာပဲ ဘာလို့ပြီးခဲ့တာတွေ အပေါ်ပြန်တွေးပြီး နေနေရတာလဲ။

Off_သူ လိုချင်ခဲ့နိုင်တာပဲလေ။သူ့ကို နာကျင်အောင်လုပ်ခဲ့သူတွေကို လက်စားချေချင်လို့

Gun_ဒါဆို သူဘာရမှာမို့လို့လဲ။

Off_ပျော်ရွှင်မှုဖြစ်နိုင်တယ်လေ။

Gun_လူတစ်ယောက်က အတိတ်ကဖြစ်ခဲ့တာတွေကို ဖယ်ထုတ်နိုင်မှ တစ်ကယ်ပျော်ရွှင်နိုင်လိမ့်မယ်။

Off_မင်းလဲအခု အတိတ်မှာ နေနေတာပဲ။မင်းလည်း ယုံနေသေးတာပဲ မင်းရဲ့ P'off က အသက်ရှင်နေသေးတယ်လို့။သူများကို ရပ်ခိုင်းနေတာ မင်းကိုယ်တိုင်ကျတော့ မရပ်နိုင်ဘူးမလား။

Gun_ဒါပေမဲ့ ကျွန်တော်ရဲ့ အတိတ်နဲ့ P'off နဲ့ အတိတ်နဲ့က မတူဘူး။P'off နေခဲ့ရတာ နာကျင်မှုအပြည့်နဲ့ ကျွန်တော်ကတော့ မဟုတ်ဘူး။

(Off က ချုပ်ထားတဲ့ လက်ကို လွှတ်လိုက်ပါတယ်)

Off_မင်း ဘာပြောလိုက်တယ်။off ရဲ့ အတိတ်နဲ့ မင်းရဲ့အတိတ်နဲ့က ဘယ်လိုခြားနားလို့လဲ။

Heart Of Stone(My Heart Is Yours)Where stories live. Discover now