Episode 3

471 60 9
                                    

တီ. တီ တီ
(Alarm အသံ)

Gun POV:

ကျွန်တော်နိုးလာခဲ့တယ်။အရင်နေ့ကထက်
ကျွန်တော်စောနိုးခဲ့ပါတယ်။ဘာလို့လဲဆိုတော့ ဒီနေ့ကျွန်တော်အမPanက နိုင်ငံခြားကနေမှာ
ပြန်လာမို့လို့ပါ။

ကျွန်တော်လည်း ရေမိုးချိုး အ၀တ်အစားလည်းပြီး နာရီကြည့်လိုက်တော့ 8နာရီခွဲနေပြီမို့
ကျွန်တော့်အမကို သွားကြိုဖို့ ထွက်လာခဲ့ပါတယ်။

လေယာဉ်ကွင်းရောက်တော့ Phi panကို ကျွန်တော်ရှာလို့မတွေ့ပါဘူး။

ရုတ်တရက် ကျွန်တော်ဖုန်း၀င်လာတယ်။

Pan:Gunရေ အမအိမ်ပြန်ရောက်နေပြီနော်။အခုGunက ဘယ်မှာလဲ။

Gun:Gun.က P'pan လို့ လေယာဉ်ကွင်းမှာ လာကြိုဖို့စောင့်နေတာ။

Pan:sorry gun P'panတောင်းပန်တယ်နော်။
Gunမလာခင် လူတစ်ယောက်က ကားတစ်စီးလွှတ်ပြီး အမကို ကြိုခိုင်းလိုက်လို့။

Gun:အဲ့လူက ဘယ်သူ့မို့ gunလာကြိုတာတောင်မစောင့်ဘဲ လိုက်သွားတာလဲ။

Pan:စိတ်မဆိုးနဲ့။P'pan gunကို တောင်းပန်တယ်။
လိမ်မာတယ် အိမ်ပြန်ခဲ့တော့နော်။

Gun:ဟုတ်။P'panလုပ်တာနဲ့ ကျွန်တော်အလုပ်နောက်ကျပြီ။

Gunအိမ်ရောက်တော့ သူ့အမက သူ့ကိုပြေးဖက်တော့ gunလည်း အံ့ဩသွားပါတယ်။

Pan:အမလေး အမက သတိတွေရနေတာ။ငါ့မောင်လေးကို။ကြည့်အုံး ချောလာလိုက်တာ။
P'panရဲ့ မောင်လေးလို့ မပြောရဘူး။

တစ်ခါမှသူ့ကို ကောင်းကောင်းမဆက်ဆံဘူးတဲ့
Panက သူ့ကိုဒီလိုတွေ လုပ်နေတော့ Gunလည်း
နည်းနည်းတော့ စဉ်းစားလိုက်တယ်။

Gun POV:

အင်း။P'pan နည်းနည်းထူး‌ဆန်းနေတယ်။
ငါ့ကိုဖက်ပြီး စကားကောင်းတွေလည်းပြောလို့။

အင်းP'panလည်း ကလေးမှမဟုတ်တော့တာ။
အရင်တုန်းက အကျင့်တွေ မရှိတော့ဘူးထင်တယ်။
(ဟိုက နင့်ကို ပြီးရင် အနိုင်ကျင့်တော့မှာ Gunရေ)

Gun: P'panဒီမှာ ခွန်Aeက ပေးခိုင်းလိုက်တာ။

Pan: သူ့က လူကိုယ်တိုင် လာမတွေ့ဘဲ လက်ဆောင်ပဲ ပို့တဲ့ဆိုတော့ ငါ့ကို နှိမ်တာလား။သူ့ကို ပြန်‌သွားပေးလိုက်။

Heart Of Stone(My Heart Is Yours)On viuen les histories. Descobreix ara