Chapter 3

7K 1.5K 234
                                    

《Unicode》

အင်တာနက်စွဲနေသော သရဲဆိုးလေး

12
လုယန် အိမ်မှာနေရတာ အတော်ပျင်းနေတာနဲ့ ယဲ့ထုံကို computerဂိမ်းကစားနည်းသင်ပေးထားလိုက်သည်။

ယဲ့ထုံက ဂိမ်းထဲမှာ ဇာတ်ကောင်တွေကိုသူ့စိတ်စွမ်းအင်နဲ့လှမ်းပြီး ထိန်းချုပ်နေလိုက်၊သူ့အဖွဲ့ဝင်တွေကိုစဉ်းတီတုံးပေါ်တင်ရောင်းလိုက်နှင့်ပျော်ပါးနေသည်။

ယဲ့ထုံ "oh!!သေပြန်ပြီကွာ"

ယဲ့ထုံက စီးကရက်တစ်လိပ်ကိုမီးညှိလိုက်ကာ ယဲ့ထုံအဖြစ်ကိုမှတ်ချက်ချသည်။

"လက်ရည်ကလည်းညံ့လိုက်တာ"

ယဲ့ထုံကသိပ်လက်ခံချင်သည့်ပုံမပေါ်။ကျွန်တော်ကလက်ရည်ညံ့ရအောင်လက်သုံးနေတာမှမဟုတ်တာ။စိတ်ကိုသုံးတာလေ"

"ဒါဆိုဦးနှောက်မရှိတာလား?"

ယဲ့ထုံကလုယန်အပေါ်ခုန်အုပ်ကာ ထုရိုက်တော့သည်။"ခင်များသာသေပြီးသားလူတစ်ယောက်ဆိုရင် ဘယ်နေရာမဆိုသေနေမှာဘဲလေ"

လုယန်ကစီးကရက်ကိုကိုင်ထားဆဲဖြစ်တဲ့အတွက် ယဲ့ထုံကို စိတ်ရှိလက်ရှိထုရိုက်ခွင့်ပြုထားလိုက်သည်။"မင်းမှာသာ အရည်အချင်းရှိရင် နိုင်မှာပေါ့"

ယဲ့ထုံက ဒေါသတကြီးအံကြိတ်ကာ လုယန်ကိုစိမ်းစိမ်းဝါးဝါးကြည့်လာသည်။ရုတ်တရတ် တခုခုကိုအမှတ်ရသွားပုံပေါ်ကာ ကွန်ပျူတာထဲကို ပြေးဝင်သွားလိုက်သည်။
မကြာခင်မှာဘဲ သူ့ပြိုင်ဘက်နဲ့အချိတ်အဆက်ပြတ်သွားပြီဖြစ်သည်။

လုယန် "....ချီး!!!!!မင်းကလူလည်ကျတာဘဲ"

ယဲ့ထုံက မြောက်ကြွကြွဖြင့် ကွန်ပျူတာထဲက ပြန်ဖောက်ထွက်လာကာ

"ဘယ်လိုလည်း။ကြည့်လိုက်။ကျွန်တော်ကသောက်ရမ်းမိုက်တယ်မလား!!"

လုယန် "မဆိုးပါဘူး၊ကောင်းတယ်.."

(TN/ မဆိုးပါဘူး၊ကောင်းသားဘဲ -好的ဆိုတဲ့စကားလုံးရဲ့的က fuck-他妈的 ဆိုတဲ့စာလုံး‌ပေါင်းမှာလည်းပါ‌သလို
awesome-惊人的 ဆိုတဲ့စာလုံး‌ပေါင်းမှာလည်း ပါနေပါတယ်။အမှန်ဆို ယဲ့ထုံက "ဒီမှာကြည့်လိုက်၊ငါလုပ်လိုက်တာ မိုက်တယ်/ကောင်းတယ်မလားလို့"ပြောတာဖြစ်ပေမယ့်
လုယန်ကတော့ "ငါ့ကိုf**kရတာမိုက်တယ်မလား"လို့ပြောတာလို့ယူဆပြီး မဆိုးပါဘူးလို့ဖြေလိုက်တာပါ>.<)

ကျေးဇူးပြုပြီး သရဲကိုလေးလေးစားစားဆက်ဆံပါ။[Completed]Where stories live. Discover now