Sweet Lips (Ep 17)

10.4K 386 12
                                    

   "တင်း​တောင် တင်း​​တောင်"

တံခါးဘဲလ် မြည်သံ​ကြောင့် ​ဆေးလက်စ ပန်းကန်များကို ချထားခဲ့ပြီး အိမ်​ရှေ့သို့ထွက်လာခဲ့သည်။
ပုခက်ထဲမှ သမီး​လေးက တံခါးဘဲလ်တီးသည့်သူကို ရင်းနှီး​နေဟန်ဖြင့် မျက်လုံအဝိုင်းသား​လေးကြည့်ရှာသည်။

     "လာပြီ Honey​ရေ"

    "ကျွီ"

တံခါးအပြင်ဘက်တွင် သက်ထားက ​ဘေးလွယ်အိတ်​လေး လွယ်ကာ ရပ်​​နေသည်။

  "Baby ရယ် ​​မောလိုက်တာကွာ"

သက်ထားက တိမ်လွှာ့ကို ​ဆီးဖက်ရင်း ​​​ပြောသည်။

"​မားမား.."

သက်ထားသည် ပုခက်ထဲက မပီကလာ ပီကလာဖြင့် လှမ်း​ခေါ်လိုက်​သော Sweetieကို ​ပွေ့ချီလိုက်ပြီး ပါးပြင်ကို တယုတယ နမ်းရှိုက်လိုက်သည်။

  "သမီး​ရေ မာမားက အလုပ်ကပြန်လာတာ​ပင်ပန်း​နေ​ရော​ပေါ့"

"ရပါတယ် babyရယ် သမီး​လေးက ကိုယ့်ရဲ့အ​မော​
ပြေ​လေး​လေ"

"ဒါဆို Honey က baby ထက်Sweetie​လေးကို ပိုပြီးချစ်တာ​ပေါ့"

တိမ်လွှာက နှုတ်ခမ်း​လေးစူကာ​မေးလိုက်သည်။သက်ထားက တစ်ချက်ရယ်လိုက်ပြီး

  "ဟာ Baby​ကို အရမ်းချစ်လို့ Sweetie​လေးကိူ ချစ်တာ​ပေါ့ မဟုတ်ဖူးလား"

  "​အမယ် နင်ပဲ အ​ပြော​ကောင်း"

တိမ်လွှာက သက်ထားရဲ့ လက်​မောင်း​ကို ဖွဖွထုကာ ​ပြောသည်။

   "ကိုယ်က ချစ်လို့ပါကွာ"

   "ကဲ ကဲ ​တော်​တော့ က​လေး​ရှေ့မှာ ဘာ​တွေလုပ်​နေတာလဲ ​ရေသွားချိုး​တော့ baby ​စောင့်​နေမယ်"

တိမ်လွှာသည် သက်ထား​ရေချိုးခန်းထဲ ဝင်သွားသည်နှင့် ညစာစားရန်အတွက် ထမင်းဝိုင်းပြင်​ပေး​နေသည်။ Sweetie ကို တစ်ချက်လှမ်းကြည့်​သောအခါ ပုခက်ထဲတွင် အိပ်​ပျော်​နေသည်။

  သက်ထားသည် ​ရေချိုးရန် ​ရေပန်းကို ဖွင့်လိုက်သည်။လက်ပတ်နာရီကို ချွတ်၍ ​ဘေစင်​ဘောင်သို့လှမ်းတင်ရာ ​​ချော်ပြီး လွတ်ကျသွားသည်။​ရေချိုးခန်းကြမ်းပြင်​ပေါ်တွင်ကျ​နေ​သော နာရီကို ​ကောက်ယူပြီး ပြန်ထလိုက်စဥ် မျက်လုံးထဲ၌ အ​​မှောင်ရိပ်သန်းသွားသည်။

Sweet ...Lips (completed)Onde histórias criam vida. Descubra agora