Ep 12(Zawgyi+Unicode)

17.1K 515 18
                                    

Zawgyi

တိမ်လွှာ့ဆီ အပြေးသွားမည်ဆိုကာမှ ဥက္ကဠ လာပြီးထမင်း ဖိတ်ကျွေးသည်အတွက် စိတ်ညစ်နေရာမှ ညနေ ၄နာရီ ထိုးခါနီးသောအခါ ပျော်ရပြန်သည်။ ၄နာရီဆို ရုံးဆင်းပြီလေ။

    "မသက်ထားစံရေ  ဥက္ကဠက သူ့အခန်းကို လာခဲ့ပါအုံးတဲ့"

   "အေး အေး လာပြီ"

ဥက္ကဠကစ္စည်းသစ် မိတ်ဆက်ပွဲရှိသည့်အတွက် လိုအပ်သည်များကို ပြင်ဆင်ရန်နှင့် ထိုပစ္စည်းရောင်းအားကောင်းစေဖို့ အကောင်းဆုံး model တစ်ခု တည်ဆောက်ပေးရန် ညွှန်ကြားနေသည်မှာ ၁၅မိနစ်လောက်ပင်ကြာသွားသည်။
  "ဟာ ကွိုင်ပဲ ဒီနေ့ကျမှ "

ကျွန်မစိတ်ထဲမှ ပြောမိနေခြင်းဖြစ်သည်။ ဥက္ကဌ ဧ။် အခန်းထဲမှ ထွက်လာသည်နှင့် တိမ်လွှာ့ဆီသာ တန်းပြေးမိတော့သည်။

အလွှာလေးကို မတွေ့ရသည်မှာ ၁လကျော်လောက်ပင် ရှိလောက်ပြီ။ကျွန်မ သူ့ကို သိပ်တွေ့ချင်မိသည်။ သူ့ကိုတွေ့ရင် ပထမဦးဆုံး တောင်းပန်မည်၊
ပြီးရင် သူ့ကို အော်ဇော်မိုးအကြောင်းပြောပြမည်။ထို့နောက် သူ့ကို သူငယ်ချင်းလိုပဲ ဆက် ခင်သွားနိုင်အောင် ကြိုးစားတော့မည်ဟု စဉ်းစားမိသည်။

ရုတ်တရက် ပန်းဆိုင်ရှေ့က ဖြတ်သွားရင်း လာဗင်ဒါ ပန်းလေးကို မြင်လိုက်သည်။

   "အိုးးစ် လာဗင်ဒါ"
ကျွန်မ အကြိုက်ဆုံးသော လာဗင်ဒါ။လာဗင်ဒါပန်းကို အိပ်ယာဘေး ထားအိပ်ရင် အိပ်ပျော်စေတယ်တဲ့။ဒါကြောင့် အလွှာ့ကိုလက်ဆောင်ပေးရန် ဝယ်ခဲ့လိုက်သည်။ထို့နောက် အလွှာ ကြိုက်တတ်သည့် ငါးမုန့်ကြော်လေးတွေဝယ်ကာ သူမ အိမ်သို့ တန်းလာခဲ့လိုက်တော့သည်။

အိမ်ရှေ့ရောက်သောအခါ တံခါးခေါက်ရန် ပြင်လိုက်သည်။
    "ဒေါက်"
    "ဟင်"
အိမ်တံခါးက ပွင့်နေသောကြောင့်  စိတ်ထဲ ထင့်သွားမိသည်။ထို့နောက် အိမ်ထဲသို့ အလျင်အမြန် ဝင်လာခဲ့သောအခါ ရုတ်တရက် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ကျွန်မဧ။် လက်ထဲမှ ပန်းစည်းနှင့် မုန့်ထုပ်များ လွတ်ကျသွားတော့သည်။

    "အလွှာ အလွှာ ဘယ်လို ဖြစ်တာလဲ"
အိပ်ယာပေါ်တွင် အဝတ်ဗလာနှင့် လဲနေသော အလွှာ။သူမရဲ့ အဖိုးတန် ပစ္စည်းလေးမှ အိပ်ယာခင်းပေါ်သို့ စွန်းထင်းနေသော အနီရောင် သွေးစများ။

တိမ်လွှာ့ကို ကြည့်ပြန်တော့လည်း သတိမရှိ ဘဲ ချွေးများ စိုရွှဲနေသည်။ကျွန်မ အလွှာ့ကို ပွေ့ဖက်ထားကာ ဇေလေးကို phဆက်လိုက်သည်။

Sweet ...Lips (completed)Where stories live. Discover now