It's Always You (JENSOO)

771 54 9
                                    

ထပ်ပြီး တွေးမိပြန်ပြီ......

Jen ရေ......
စောင့်နေမှာ သိရက်နဲ့ ဘာလို့ ပြန်မလာခဲ့တာလဲ
Chuလေး Jenနဲ့ ရန်ဖြစ်ချင်သေးတယ်

တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ကြရင်း
အဆုံးသတ်မှာ Chuက Jenရဲ့လက်ကလေး
ဆွဲယူလို့ တောင်းပန်ရင်း ချော့ချင်သေးတယ်

အလိုမကျတိုင်း မပြေပြေအောင်
Chuဖြေရှင်းပေးချင်သေးတယ်
အများကြီး ချစ်ပါတယ် ပြောပြီး
ရင်ခွင်ထဲ ဆွဲသွင်းလို့ ဖက်ထားချင်သေးတယ်

ကျောပေးရပ်ထားတဲ့ Jenကို
အနောက်ကနေ သိုင်းလို့ ဖက်ထားချင်သေးတယ်
တစ်ခုခုဖြစ်တိုင်း အပြေးလာဖို့ ခေါ်သံလေးတွေ
ထပ်ကြားရဖို့ ဘယ်နံပါတ်ပြောင်းသုံးရမလဲ Jen

ဟုတ်ပါတယ် ကြာခဲ့ပါပြီ.....

လက်သေးသေးလေးကို
ထပ်ပြီး ဆုပ်ကိုင်ချင်တဲ့စိတ်
နှုတ်ခမ်းဖူးဖူးလေးကို ရူးသွပ်တဲ့စိတ်
ပါးဖောင်းဖောင်းလေးကို မရိုးနိုင်တဲ့စိတ်
သည်စိတ်တွေကို အတင်းချိုးနှိမ်ပြီး
နေခဲ့ရတဲ့ ကာလတွေ......

လစ်ဟာမှုတွေက Jen ဖြည့်မှ ပြည့်ပါလိမ့်မယ်

ထပ်ချစ်ဖို့က ဖြစ်နိုင်ပါတယ်
Jenနဲ့သာ ဆိုရင်ပေါ့......

Jen မဟုတ်တဲ့
အခြားဘယ်လိုသက်ရှိကိုမှ မလိုချင်ဘူး
ထပ်ပြောမယ်
လစ်ဟာမှုတွေက Jenဖြည့်မှ ပြည့်ပါလိမ့်မယ်

ဘယ်လို အခြေအနေမျိုးလဲ
Chu ဂရုမစိုက်ဘူး
Jenရဲ့ တခစ်ခစ် ရယ်သံတွေမပါတဲ့
ဘ၀ရဲ့ တဆစ်ချိုး
တကယ်ကို သောက်ကျိုးနည်းလို့

အိမ်လေးကို ပြန်ခဲ့တော့ တိမ်.......

...........................................................................

စောင့်နေတုန်းပဲလား Chu......

အဖြေကို Jenကို သိတယ်
Chuရဲ့ စောင့်ဆိုင်းနေခြင်းက Jenရဲ့ ရင်၀ကို
နေ့တိုင်း ဆောင့်ကန်နေတဲ့ ကန်ချက်တွေဆိုတာ
သိပါသလား?

အမျိုးသားရဲ့ ရင်ခွင်ထဲ ဆွဲသွင်းခံရတိုင်းမှာ
Jen မလုံမလဲ ဖြစ်ရတယ်
ဘယ်စိတ်နဲ့ Chuကို မရွေးခဲ့မိပါလိမ့်
သက်သောင့်သက်သာ ရှိနေခဲ့ပါရက်နဲ့

မလွန်ဆန်နိုင်ခဲ့ခြင်း​ပါပဲ Chu

Jenနဲ့ Chuရဲ့ ပတ်သက်မှုကို သိနေပါတယ်တဲ့
Chuကို မရွေးချယ်ခဲ့သည့်တိုင်
တစ်ပါးသူ လေနဲ့ ပုတ်ခတ်မှာကိုတောင်
Jen မလိုလား......
သည်လိုနဲ့
Chuဆီ အရောက်ပို့မဲ့ နံပါတ်လေးတွေကို
Jen ထပ်မနှိပ်တော့ဘူး

စောက်ပိုတွေ ဖြစ်သွားလား ??

မျက်လုံးလေး မှိတ်ပြီး
စိတ်ပါလက်ပါ ခံယူဖူးတာ
Chuရဲ့ အနမ်းတွေပဲ ရှိပါတယ်
ထွေးပွေ့မှုကြောင့် လုံခြုံဖူးတာ
Chuရဲ့ ရင်ခွင်ထဲမှာပါပဲ......
ခွေးလေးမွေးထားတယ်
Chuမှည့်စေချင်တဲ့ နာမည်လေး
မှည့်ပေးထားတယ်

သိတယ် Chu
Jenသာ ပြန်လာခဲ့ရင်
သေချာပေါက် ကြိုဆိုနေမယ်ဆိုတာ.....
ဒါပေမဲ့ သူတို့က Jenကို အပီချုပ်ထားတယ်
အမျိုးသား နဲ့  ထူးခြားတဲ့ ချစ်ခြင်းကို
လက်သင့်မခံနိုင်တဲ့ Jenရဲ့ မိဘတွေကပေါ့

တိမ်ဟာ သူ့အိမ်ကို ပြန်မလာနိုင်တော့ဘူး.....

...........................................................................

~ ဘယ်လိုမှ ထပ်နီးစပ်ဖို့ မဖြစ်နိုင်တော့တဲ့အခါ
   
    အိမ်လေးနဲ့တိမ်လေးဟာ....
   
    သူတို့ အချစ်ရဆုံးလူကို
   
    ဟိုးအနက်ဆုံး စိတ် ထဲ
   
    ကိုယ်စီ သိမ်းထားလိုက်ကြတော့တယ် ~

                                                     - Z A N N 🍁

🍁 J J 4 E V A 🍁Where stories live. Discover now