🍲chicken noodle soup🍲

28.7K 1.2K 149
                                    

 **ဂွီ~**

တစ်ဂွီဂွီမြည်နေသောဗိုက်ကိုအသာဖိရင်းပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်မိလိုက်တယ်...
မီးရောင်တွေထိန်လင်းနေပေမယ့်လဲ တိတ်ဆိတ်နေသောလမ်းမကြီးဟာခြောက်ခြားစဖွယ်...ဒီနေ့ကြမှအိမ်တွေပေါ်မှာအရိပ်မည်းမည်းကြီးတွေကအပြည့်ဖြစ်လို့နေသည်...

ထိုအရိပ်မည်းကြီးတွေကတစ်ခြားမဟုတ်
ထယ်ယောင်းလိုပဲညဘက်တွေအစာလိုက်ရှာကြတဲ့နာနာဘာဝလောကသားတွေ...သူတို့ဘဝဟာ နေ့ဘက်တွေဆို ဝိဉာဉ်တိုင်းပြည်မှာပဲနေရပြီး ည‌ဘက်တွေမှသာ အစာရှာဖို့လူတွေနေတဲ့လောကကိုထွက်လာရသည်...

သူလူ့လောကထဲကိုမိုးစချုပ်ကတည်းကရောက်နေခဲ့ပေမယ့် မြို့ကိုလိုက်ပတ်ကြည့်ပြီးလျှောက်ဆော့နေတာကြောင့် အစာရှာဖို့နောက်ကြသွားခြင်း....

သူတို့လောကရဲ့စည်းကမ်းကတော့
တစ်ယောက်ရှာထားတဲ့အိမ်ကိုနောက်တစ်ယောက်ကဝင်လုခြင်းမပြုရန်ပင်...ထိုကိစ္စနဲ့ပါတ်သတ်ပြီးအချင်းချင်းရန်ခနခနဖြစ်ဖူးတာကြောင့် ဝိဉာဥ်လောကရဲ့အုပ်စိုးသူဘိုးဘိုးကြီးကထိုစည်းကမ်းထုတ်ထားရတာဖြစ်သည် ထို့အပြင်ဝိဉာဥ်လောကကို နေမထွက်ခင်ပြန်လာဖို့ကိုလဲမှာကြားထားပါသေးသည် ထိုစည်းကမ်းကတော့ မနက်နေထွက်ရင် မနက်ပိုင်းမှာအစာရှာကြတဲ့ဝိဉာဥ်တွေနဲ့  ပက္နိပက္ခ မဖြစ်အောင်ထုတ်ပြန်ထားခြင်းဖြစ်သည်...သူဝိဉာဥ်လောကထဲမှာနေလာတာ ဆယ်နှစ်ကျော်လောက်ရှိပြီဖြစ်တာကြောင့် ထုတ်သုံးလို့ရနိုင်မည့်အစွမ်းတွေကိုဘိုးဘိုးကြီးကသင်ပေးထားလေသည် နှစ်ကြာလာလေ အင်အားကြီးလေဖြစ်တဲ့သူတို့လောကမှာ ကြီးနိုင်ငယ်ညှင်းမှုတွေကင်းစင်နေတာကတော့ ဦးဆောင်သူဘိုးဘိုးကြီးတော်လို့မဟုတ်ပါလား..

လျှောက်ရင်းလျှောက်ရင်းနဲ့ ခြေထောက်ပင်မခိုင်ချင်တော့...ကြိုးစားပြီးအားတင်းကာဆက်လျှောက်နေတုန်း မျှော်လင့်ချက်ရောင်ခြည်လေးကိုတွေ့လိုက်ရသလို...အရိပ်မည်းရှိမနေတဲ့နှစ်ထပ်တိုက်လုံးလေး နှစ်ချိုက်စွာပြုံးလိုက်ပြီး အိမ်ထဲကိုအေးဆေးဝင်ဖို့လုပ်နေတုန်း ခြံထောင့်နားကနေမြင်လိုက်ရတဲ့မည်းမည်းအကောင်ကြီး သေချာတယ် ဒါလေလွင့်ဝိဉာည်ပဲနေမှာ သူဝင်မယ့်အိမ်ကိုလုဖို့ကြိုးစားနေတာကြောင့် သူ့အစွမ်းနဲ့ အလျှင်အမြန်အိမ်နံရံကနေထိုးဖောက်ဝင်လိုက်တယ်...

Side Effect Of Vkook 🔞{One Short Collection}Where stories live. Discover now