1

5.3K 173 22
                                    

""လူနာရှင်ရဲ့ ခွင့်ပြုချက်မပါရှိပဲ ခွဲစိတ်သည့် case တွင် အသက်မဆုံးရှုံးခဲ့သော်လည်း အရေးပေါ် အခြေအနေများ Operation ခန်းတွင် များစွာကြုံတွေ့ခဲ့ရသည်
ထိုဖြစ်စဥ်ကို လူနာရှင်များမှ ခွင့်ပြုချက်
မတောင်းခံသည့်အတွက် တိုင်တန်းခြင်းများ ဖြစ်ပေါ်ခဲ့သည် ထို့ကြောင့် ခွဲစိတ်မှုအား တာဝန်ခံဆရာဝန်မှ တာဝန်ယူရမည်ဖြစ်သည်
ယခင်က ဆေးရုံဂုဏ်ဆောင်မှုများစွာရှိခဲ့သည့်အတွက် ထို အကြောင်းအရာများအား ထောက်ထားစွာဖြင့် ခွဲစိတ် အထူးကု Dr.Kim Namjoon အား သက်ညှာသောအားဖြင့် ပြန်လည်ထူထောင်ရေးဆေးရုံတွင် တာဝန်ကျဆရာဝန်အဖြစ် ပြောင်းရွေ့လိုက်သည် ""

ထိုကြေငြာချက်ပြီးဆုံးသည်နှင့် ဆရာဝန်များအသီးသီး အစည်းအဝေးမှ ထွက်လာခဲ့ကြသည်
ထိုအထဲတွင် ရှေ့ဆုံးမှ ထွက်ခဲ့သူက Dr. Kim Namjoon

*Dr.Kim Namjoon*
ဆေးရုံရဲ့ နာမည်ကြီး အကျွမ်းကျင်ဆုံးသော ခွဲစိတ်ဆရာဝန်များထဲမှ တစ်ယောက်
သို့သော် နူးညံ့ချင်း အလျင်းမရှိ စကားပြောလျင် တိုတိုတုတ်တုတ်သာပြောဆိုပြီး နားဝင်ချိုအောင် မပြောပေ လုပ်ရဲလျင် ခံရဲရမည်ဆိုသော စိတ်ကအပြည့်
ဆရာဝန်တစ်ယောက်က လူနာကို ရှင်အောင် ကယ်ရမည် ဆိုတာပဲ ရှိသည့်အတွက် အခုလို ကိစ္စမျိုးတွေအထိ ဖြစ်စေခဲ့သည်
Dr.Kim Namjoon အား ဆေးရုံအတွင်းတွင် ကြည့်ရသူနှင့် မကြည့်ရသူဆိုပြီး နှစ်ဖွဲ့ ကွဲကြသေးသည်
မာနတစ်ခွဲသားပုံစံနဲ့ ဘယ်သူမှ အဖက်မလုပ်တာအပြင် ဆေးရုံဒါရိုက်တာ တစ်ဦးရဲ့ သားဖြစ်သောကြောင့် ကြည့်မရသူများသည်
သိူ့သော် တည်ကြည်ခန့်ငြားပြီး မြင်သူတိုင်းဆွဲမက်ဖွယ် အကြည့်၊ ရှည်လျားသော အရပ် နှင် တစ်ခါတစ်လေ ပြုံးဖြစ်ခဲ့ရင် မြင်ရသော ပါးချိုင့်ကြီးများကတော့ ကြည့်ရသူများအဖို့ ဆုလာဘ်တစ်ပါး ဖြစ်ပေသည်

(Dr.Kim အခန်းထဲ ခဏလိုက်ခဲ့ပါဦး )

Meeting က ထွက်တာနဲ့ အနောက်က လှမ်းခေါ်နေတဲ့ ဆေးရုံအုပ်ကြီး (တစ်နည်းအားဖြင့်) Kim Namjoon ဦးလေး

(Namjoon ya.... မဖြစ်မနေမို့သာ ဒီလို ဆုံးဖြတ်ရတာပါကွာ စိတ်မဆိုးနဲ့ဦးနော်)

Nj - ကိစ္စမရှိပါဘူး ရပါတယ် ဒါနဲ့မှ မကျေနပ်​သေးရင် လိုင်စင်သိမ်းလည်း ရတယ်

MY Essentials (Completed)Where stories live. Discover now