Jeonအိမ်တော်ရဲ့မနက်ခင်းတစ်ခုတွင်
"Jeon Jungkook!!! နင်အခုထမလား
ငါေရနဲ့ပက်ပြီး နိုးရမလား?""မားကလည်းဗျာ အစောကြီးပဲရှိသေးတာကို
ဘာလို့လာနိုးနေရတာလဲဗျာ""ဘယ်ကအစောကြီးရမှာလဲ
နာရီကိုကြည့်လိုက်ဦး
နေ့လည်၁၂နာရီတောင်ထိုးနေပြီ
နင်ပြောတော့BTSရဲ့ fan signကံစမ်းမဲ
ပေါက်လို့သွားမယ်ဆို
အခုပဲ ၁၂နာရီရှိနေပြီ
အဲ့Fan signက
နေ့လည်တစ်နာရီ စမှာမဟုတ်ဘူးလား
ပြီးတော့ အောက် ထပ်မှာ
Lilacတောင်ရောက်နေပြီ ?""ဗျာ.....!!!! ၁၂နာရီတောင်ထိုးသွားပြီလား
မားကလဲဗျာ ဘာလို့အခုမှလာနိုးရတာလဲဗျာ အခုကျွန်တော်နောက်ကျတော့မှာပဲ
Lilacကိုခနစောင့်ဦးလို့ပြောပေးပါဦး""ဟဲ့ ငါ့နားလဲကန်းတော့မယ်
ဖြေးဖြေးအော်စမ်းပါ
နင့်ဟာနင် ကလားသေကလားမော
အိပ်နေပြီးတော့ ငါ့ကိုအခုမှ
အပြစ်လာတင်မနေနဲ့
မြန်မြန်ထပြီး မြန်မြန်ပြင်ဆင်တော့
အောက္မှာ ကားပြင်ထားပေးမယ်
Lilacကတော့ နင့်ကို ပွစိပွစိရွတ်နေတယ်
သူ့ကိုအကြာကြီးစောင့်ခိုင်းနေလို့တဲ့""Lilacတစ်ယောက်နဲ့တော့
ဒီနေ့တစ်ေနကုန် နားပူခံရတော့မှာပဲ ဟူး""နင်ကထတာနောက်ကျတာကို ခံပေါ့
မြန်မြန်ပြင်ဆင်ပြီးဆင်းလာတော့ မဟုတ်ရင် နင့်idolကို ဒီနေ့တွေ့ရဖို့လမ်းမမြင်တော့ပဲနေမယ်""ဟုတ်ကဲ့ပါဗျာ"
Jungkookတစ်ယောက်
Fan signတက်ရရေးတို့အရေးဖြစ်ဖို့
အရင်တစ်ပတ်က BTSရဲ့
Albumအသစ်ကို အချပ်တစ်ရာလောက်
၀ယ်ပြီး တက်ခွင့်ရမရ
အကြောင်းကြားစာကိုမနေ့ညကမှ ပို့မှာမလို့
စောင့်နေရင်း မနက်၃နာရီလောက်
ထိုးသွားခဲ့တော့
မနက်အိပ်ရာထနောက်ကျသွားခဲ့သည်။Jungkookတို့မိသားစုက အရမ်းချမ်းသာပေမဲ့
မာနကြီးပြီး မောက္မာ နေတက်တဲ့သူမျိုးတွေမဟုတ်ကြ
Jeonအိမ်တော်မှာကေလးဆိုလို့
Jungkookတစ်ယောက်သာရှိသောကြောင့်
အလိုလဲတော်တော်လိုက်ထားကြသည်။
Jungkookလေးကလဲ
ချမ်းသာသလောက်
ပျက်စီးနေတဲ့ကလေးထဲ သူမပါပါ
သူ့idol မျက်နှာသာ
တစ်ကမ္ဘာဟု တွေးထားပံုရသည်။
သူ့Idol အကြောင်းကပြီး ဘာမှစိတ်မ၀င်စားပေ။
YOU ARE READING
"Fanboy မှသည် ကောင်လေးအဖြစ်သို့"(Completed)
RomanceSide love 💜Idol တစ်ယောက်ကို လိုတာထက် ပိုချစ်မိသွားသောကောင်ေလးတစ်ယောက်💜